တစ်သက်လုံး ဂန်ဟယ်အာကို ထိခိုက်စေမယ့် ကိစ္စမျိုး ဘယ်တော့မှ မလုပ်သင့်။ သူ့ကို ကာကွယ်ရမည်။ ဘယ်သူမှ သူ့ကို ထင်တိုင်းကြဲပြီး ထိခိုက်အောင် မလုပ်နိုင်စေရဘူးလို့ ဆုံးဖြတ်ချက်ချရင်း ဆုပ်ထားတဲ့ လက်သီးရဲ့ အားက ခုထိ မလျော့သေး။
ဒီလို ခိုင်မာတဲ့ ဆုံးဖြတ်ချက်က ကြီးမားတဲ့ ဒုက္ခအဖြစ် ပြန်လာမယ်လို့ ထယ်ရင်း တွေးကိုမတွေးခဲ့ပါ။
အူတွေ အသည်းတွေအထိ နင်းခြေပစ်တော့မလိုနဲ့ ဗိုက်ပေါ် တက်လာတဲ့ ဂန်ဟယ်အာရဲ့ လက်သီးစာ မိပြီးနောက်,
'ဝါး... တော်တော်နာတာပဲ'
ဒေါသထွက်နေတဲ့လူတစ်ယောက်လို တရှူးရှူးဖြစ်နေပြီး မျက်ရည်တွေပါရောနေတဲ့ မျက်နှာကို မော့ကြည့်မိတော့ သူ့ကို မထိခိုက်အောင် ဂရုစိုက်ရတာ ထယ်ရင်းအတွက် သေလောက်အောင် ခက်ခဲလွန်းတာ သိလိုက်ရသည်။
'ဘာမဟုတ်တဲ့ ဆုအတွက်နဲ့..'
နည်းပညာ ဆန်းသစ်တီထွင်မှုတွေ ဘာတွေညာတွေ... အဲ့ဒီ့ ဆု.. ဆုပေးပွဲ.. ပါတီကိုက ပြဿနာဖြစ်သည်။
'...ဒီအတိုင်း မသွားဘဲနေလိုက်ရမှာ'
ငိုနေတဲ့ ဟယ်အာရဲ့ ဒူးကို ဖြည်းဖြည်းချင်း ပွတ်သပ်ပေးလိုက်သည်။ သူကိုယ်တိုင်ရဲ့ ခံစားချက်တွေကို မထိန်းနိုင်ဘဲ ရှိုက်ကြီးတငင်ငိုနေတဲ့ မျက်နှာကို ကြည့်ရတာ စိတ်ထဲ ထူးဆန်းနေသည်။ မဟုတ်ဘူးဆိုတာ သိပေမယ့် တစ်ဖက်မှာတော့ ဒါက တကယ့် ဂန်ဟယ်အာရဲ့ ပုံစံပဲလို့ ထင်မိသည်။ လူအများကို ပြတဲ့ မျက်နှာဖုံးကို အကုန် ချွတ်ပစ်ပြီး အဝတ်မပါဘဲ... ပင်ကိုယ်စရိုက်သာ ကျန်တော့တဲ့ တကယ့်ပုံစံ။
လွန်ခဲ့တဲ့ ၃နာရီလောက်ကအထိ ဂန်ဟယ်အာဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ခင်ပွန်းတစ်ယောက် ဖြစ်ခဲ့သည်။ ဆုပေးပွဲနဲ့ ပါတီပွဲ တောက်လျှောက် သူဟာ ချစ်စရာကောင်းတဲ့ အပြုံးလေးဆင်ပြီး ထယ်ရင်းဘေးမှာ ရှိနေခဲ့သည်။
ခန္ဓာကိုယ်ရဲ့ ပြေပြစ်တဲ့ လှပမှုကို ပြသနေတဲ့ ဒီဇိုင်နာအပ်ထားတဲ့ အနောက်တိုင်းဝတ်စုံက ပါးလွှာတဲ့ အသားနဲ့ အရောင်တောက်တောက်လေး ဖြစ်နေသည်။ နဂိုကတည်းက တော်တော်လေး ခန့်ညားပြီးသား လူတစ်ယောက်ကို နူးညံ့ပြီး ရိုးသားတဲ့ ပုံစံမျိုး ထပ်ပြီး ပေးစွမ်းလိုက်သလိုပင်။ လူအများစုရဲ့ အကြည့်တွေက ပန်းချီဆရာ ဂန်ဟယ်အာကို သိလို့ လှမ်းကြည့်သွားကြပြီး, မဖြစ်မနေ တစ်ခါပြန်လှည့်ကြည့်ကာ သူ့တစ်ကိုယ်လုံးကို အပေါ်အောက် အကဲခတ်ကြသည်။
ВИ ЧИТАЄТЕ
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
РомантикаTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
