"...စဉ်းစားကြည့်ပေးမယ်"
စိတ်မပါတပါအသံနဲ့ ပြောလိုက်သည်။ ဟယ်အာ့ရဲ့ အားအင်မဲ့တဲ့အဖြေကြောင့် ထယ်ရင်းက မျက်လုံးတွေ မှေးပြီး ကြည့်သည်။
"စဉ်းစားကြည့်..ပေးမယ်ပေါ့"
"အင်း။ ..စဉ်းစားကြည့်ဦးမယ်။"
"အင်းပါ.."
ဟက်ခနဲရယ်သံပြုရင်း ထယ်ရင်းက ရယ်သည်။ ဟယ်အာ့ကို ချုပ်ခြယ်ကစားပြီး ပျော်ရွှင်နေတဲ့ မျက်နှာက ချောမောလွန်းလို့ မကျေမနပ်တောင် ဖြစ်မိသည်။
"မွေးနေ့ဆိုတော့ ဘာလုပ်ချင်လဲ"
မေးခွန်းကို ဖြေဖို့ ဟယ်အာ အကြာကြီး အချိန်ယူနေရသည်။ မွေးနေ့ဆိုပြီး အိမ်ကို ပြန်လာပေးတဲ့ ထယ်ရင်းလည်း ရှိနေပြီ။ သူပေးတဲ့ ဆွဲကြိုးကိုလည်း လည်ပင်းမှာ ပြန်ဝတ်ထားပြီးပြီဆိုတော့ လုပ်ချင်တဲ့အရာဆိုတာ စဉ်းစားစရာမလိုဘဲ တစ်ခုတည်းပဲ ရှိသည်။
"...ဒီနေ့ အိမ်မှာ အိပ်သွား.."
ဘာမှမဆိုင်ဘဲ သူ့ဘာသူ နေနေတဲ့ ဒိုဂျင်းရဲ့ မေးစေ့အောက်ကို ကုတ်ပေးရင်း ပြောလိုက်သည်။ ထယ်ရင်းရဲ့ မျက်လုံး အနည်းငယ် မြင့်တက်သွားသည်။
"အိပ်သွားမှာလို့ ကိုယ် စောနက ပြောတယ်လေ "
"အွန်း.. အာ့ကြောင့်လေ"
စကားလုံးတစ်လုံးချင်းစီ ထွက်လာတိုင်း ပုရွက်ဆိတ် အသံလေး ဖြစ်ဖြစ်သွားသည်။
"အိပ်ပြီးသွားပါလားလို့.. ဒီနေ့..."
နားနားကပ်ပြီး တိုးတိုးပြောသလို လေသံလေးနဲ့ စကားဆက်လိုက်သည်။
ထယ်ရင်းရဲ့ ပေါင်ပေါ်တက်ပြီး သူ့ရင်ခွင်ထဲ တိုးဝင်လိုက်တဲ့အခါ ထူးဆန်းတဲ့ ရင်းနှီးမှုကို ခံစားလိုက်ရသည်။ ဒီထိတွေ့မှု, ဒီ ခံစားချက်, ဒီ လေထု... အရာရာတိုင်းက ရင်းနှီးနေပေမယ့် 'ဒီလိုလုပ်လို့ မရဘူး' ဆိုတဲ့ မရေမရာ မကောင်းတဲ့ ခံစားမှုက တိုးဝင်လာသည်။
'ဘာမှားနေတာလဲ'
ပျော်ရွှင်သွားပုံနဲ့ ရယ်မောနေတဲ့ ထယ်ရင်းရဲ့ နှုတ်ခမ်းထောင့်ကို ဟယ်အာ့ နှုတ်ခမ်းလေးနဲ့ ပွတ်သပ်လိုက်သည်။ မူးနေတာလားဆိုပြီး စသလိုနောက်သလိုမေးတဲ့စကားကိုတော့ မကြားသယောင် ဟန်ဆောင်လိုက်သည်။ ပျော်နေတဲ့ စိတ်မှာ ထပ်ပြီး လောင်စာထည့်ချင်တာနဲ့ ထယ်ရင်းရဲ့ ခါးကို ဖက်ဖို့ ကြိုးစားလိုက်သည်။
YOU ARE READING
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
RomanceTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
