အိပ်မက်ထဲမှာ ဟယ်အာက သေဆုံးခါနီး ငှက်ကလေးတစ်ကောင် ဖြစ်သည်။ ပြန်မလာတဲ့ အမေငှက်ကြီးကို စောင့်ရင်း အသိုက်ထဲမှာ ပိတ်မိနေတဲ့ ငှက်ပေါက်ကလေးပေါ့။ အတောင်ပံတွေကျ သေသေချာချာ မပေါက်သေးလို့ မပျံနိုင်ဘဲ၊ အသိုက်အပြင်မှာကျ နက်ရှိုင်းတဲ့ ချောက်ကြီးဖြစ်နေလို့၊ ဆာလောင်နေတဲ့ ဗိုက်နဲ့ တကျီကျီအော်ရင်း အိပ်ရာက နိုးလာခဲ့သည်။
'ဝါး .. တော်တော်ဆိုးဆိုး အိပ်မက်ပဲ'
ချောင်းထယ်ရင်း အလုပ်ခရီး ထွက်သွားတာ ၁၅ရက်ရှိပြီဖြစ်သည်။ သူပြန်လာဖို့အတွက် အခုဆို တစ်လပဲ ကျန်တော့သည်။ အချိန်တွေက အရမ်း ရှည်ကြာနေတယ်လို့ ခံစားရသည်။ နေ့တိုင်း ထူးဆန်းတဲ့ အိပ်မက်တွေ မက်ပြီး နိုးလာတဲ့အခါ ခေါင်းတွေကိုက်သည်။
ဒီနေ့လဲ အဲ့လိုပဲ ခေါင်းကိုက်နေတာကို အတင်းအကြပ် ဖိနှိပ်ရင်း ကုတင်ပေါ်က ဆင်းပြီး အဝတ်လဲခန်းကို သွားလိုက်သည်။ ထယ်ရင်းရဲ့ အဝတ်လဲခန်းထဲဝင်ပြီး ကိုယ်သင်းနံ့ ကျန်နေသေးတဲ့ အဝတ်တွေကို ရှာကြည့်သည်။ အဝတ်အများစုက dry cleaning လုပ်မိလိုက်လို့ သပ်ရပ်ပြီး အဝတ်လျှော်ဆပ်ပြာနံ့ပဲ ရနေပေမယ့် ကုတ်အင်္ကျီ အချို့မှာတော့ သူ့ရဲ့ရနံ့ ကျန်နေသေးလို့ တော်ပါသေးသည်။
ထယ်ရင်း ရနံ့ရတဲ့ ရှပ်အင်္ကျီကို ရအောင်ရှာပြီး ဝတ်ကြည့်လိုက်တော့ ပုံစံက တော်တော်ရယ်ဖို့ကောင်းနေသည်။ ယောက်ျားဝတ် ရှပ်အင်္ကျီက ဂါဝန်လိုမျိုးလိုမျိုး ပေါင်ရဲ့ တစ်ဝက်လောက်ကို ဖုံးနေသည်။ ရယ်စရာကောင်းတဲ့ ပုံစံကို မှန်ကနေ မြင်ရတော့ ရယ်လိုက်မိပြီး ရှပ်အင်္ကျီလက်စကို နှာခေါင်းမှာ တေ့လိုက်သည်။
"ဟူး..."
အသက်ပြင်းပြင်း ရှူလိုက်၊ ပြန်ထုတ်လိုက်လုပ်ရင်း ထယ်ရင်း ရနံ့ကို ခံစားလိုက်ရမှ ခေါင်းကိုက်တာ သက်သာသွားသည်။
ခေါင်းကြည်သွားပေမယ့် ဟယ်အာ လုပ်နေတဲ့ အပြုအမူတွေကတော့ အရူးလို ဖြစ်နေတုန်းပင်။ ညဝတ်အင်္ကျီ အပေါ်ကနေ ထယ်ရင်း ရှပ်အင်္ကျီကို အနွေးထည်လို ထပ်ဝတ်ပြီး တနေကုန် ဘေးမှာ ရှိပေးမယ့်သူကို ရှာရင်းနဲ့ပဲ ခေါင်းခြောက်လာသည်။
ВЫ ЧИТАЕТЕ
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
Любовные романыTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
