ခေတ်မမီတဲ့ အရိပ်အယောင် တစ်စက်မျှ မရှိတဲ့ အဆောက်အအုံအသစ်ရှေ့တွင် ထယ်ရင်း ရပ်နေခဲ့သည်။
ဥက္ကဋ္ဌဂန်ဂျွန်းအီက ဒီလိုမျိုး တည်ဆောက်ပြီး လူမနေသော အထပ်မြင့် အဆောက်အအုံ ၁၀ လုံးခန့် ပိုင်ဆိုင်ပြီး အဲ့ထဲမှာမှ ဂန်အီဟယ် စီမံခန့်ခွဲတဲ့ အဆောက်အအုံ နှစ်လုံးခန့်ရှိသည်ဟူသော စကားကို လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က ကြားသိခဲ့ရသည်။
ရိုးရိုးသားသားပြောရရင် ကိုယ်ပိုင်တဲ့ အဆောက်အအုံထဲ ထယ်ရင်းကို ခေါ်သွင်းလိုက်ရင် အဆောက်အအုံကြီးက သူ့ကို ကာကွယ်ပေးမည့် ဒိုင်းကာတစ်ခု ဖြစ်လာမယ်လို့ ထင်နေပုံက ဟာသကြီးလိုပင်။ ...သူ့လက်ရာတွေ အပြည့် ချိတ်ဆွဲထားတဲ့ နံရံတွေ ဝန်းရံနေတာတောင် ဂန်ဟယ်အာကတော့ ငိုမဲ့မဲ့ ဖြစ်နေခဲ့ရတာ။
သူတို့နှစ်ယောက်က ညီအစ်ကိုဆိုပေမယ့် အလွန်ကွာခြားလွန်းသည်။ အပြင်ပန်းပုံရိပ်ကိုသာ ကြည့်ခဲ့ဖူးစဉ်က ဂန်အီဟယ်နဲ့ ဂန်ဟယ်အာက ရုပ်ဆင်သည်ဟု ထင်ခဲ့ဖူးသည်။ ဒုဥက္ကဋ္ဌဂန်ဟယ်အင်းက တတိယမြောက်သမီး ဂန်မီဟယ်နဲ့ ရုပ်ဆင်သလိုမျိုး။ အခုမှ လာပြီး နောင်တရနေမှလည်း နောက်ကျနေပြီဆိုတာ သိပေမယ့် ရပ်တန်လို့မရပေ။ ထယ်ရင်း စေ့စေ့စပ်စပ် မကြည့်ခဲ့မိတာဖြစ်သည်။ ဂန်အီဟယ်က သူစိမ်းဖြစ်တာကြောင့် သေချာမကြည့်ခဲ့မိတာလို့ လျှော်ချနိုင်သောလည်း အနီးဆုံးမှာ ရှိခဲ့တဲ့ ကိုယ့် ယောက်ျား ဂန်ဟယ်အာကို အပေါ်ယံသာ ကြည့်ခဲ့မိတာဖြစ်သည်။
ဘယ်လောက်တောင် တုံးအခဲ့သလဲ ကြည့်ပါတော့ ...။ နက်နက်ရှိုင်းရှိုင်း စစ်ဆေးကြည့်ခဲ့ရင် စောစောစီးစီး သိခဲ့ရမည်။ ဂန်အီဟယ်နဲ့ ဂန်ဟယ်အာက နည်းနည်းလေးတောင် မတူဘူးဆိုတဲ့အချက်ကို အစောကတည်းက သိနေလောက်ပြီဖြစ်သည်။
ထယ်ရင်းရဲ့ မျက်နှာပေါ် အရောင်ပြန်နေသော ပြောင်တောက်နေသည့် ဓာတ်လှေကားရဲ့ ၉ လွှာ ခလုတ်ပေါ်တွင် လက်ဗွေရာချန်ခဲ့သည်။ အပေါ်ရောက်တော့ ကျယ်ဝန်းစွာ ခြားနားထားသည့် တံခါးနံပါတ်ကို စစ်ဆေးပြီး မက်ဆေ့ဖြင့် ရရှိထားသည့် လိပ်စာကို ရောက်ရှိခဲ့သည်။ အနည်းငယ် ပွင့်ဟနေသော တံခါးအောက်မှ ထွက်ပေါ်လာသည့် မီးရောင်ကို လက်ဖြင့် ထိလိုက်တော့ သူခိုးတစ်ယောက်လို ခံစားရသည်။ ထယ်ရင်း တမင် တံခါးမခေါက်ဘဲ ဝင်သွားလိုက်သည်။
YOU ARE READING
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
RomanceTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
