အပိုင်း (၇၄)

1.3K 159 4
                                        

ဟယ်အာ့ နှုတ်ခမ်းကို နမ်းရှုပ်နေရင်းနဲ့ ထယ်ရင်းက အင်္ကျီကြယ်သီးတွေကို ဖြုတ်လာသည်။ ချိုမြိန်တဲ့ အနမ်းမှာ ယစ်မူးသွားတာနဲ့ ဟယ်အာလည်း အဲ့ အပြုအမူရဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာကို မတွေးလိုက်မိ။ omega ရနံ့လဲ ရမနေသလို အောက်ပိုင်းမှာလည်း စိုစွတ်မနေဘဲ သစ်တုံးကြီးလို တောင့်နေတဲ့ ဟယ်အာ့ကို ထယ်ရင်းက လိုချင်နေမယ်လို့ မစဉ်းစားမိလိုက်တာကြောင့်ပင်။

"ခဏ... ခဏလေး"

ခေါင်းကို ရမ်းခါရင်း အားစိုက်ထုတ်ပြီး နှုတ်ခမ်းတွေကို ခွာလိုက်သည်။

"ဒီအတိုင်းပဲ လုပ်မလို့လား"

"ဘာလို့လဲ..  မလုပ်ချင်ဘူးလား"

ထယ်ရင်းက ဘာလို့ မလုပ်ချင်ရတာလဲဆိုတဲ့ အကြည့်နဲ့ ပြန်မေးသည်။

"မဟုတ်ဘူး.. ကျွန်တော့်ဆီက အနံ့လည်း ထွက်မှာမဟုတ်ဘူး။ ပြီးတော့ မ... ဆိုလိုတာက... မစို... ခန္ဓာကိုယ်ကလည်း ဘာမှ မတုံ့ပြန်လို့..."

"ဘာဆိုင်လို့လဲ။ lotionဖြစ်ဖြစ် gel ဖြစ်ဖြစ် သုံးလို့ရတာပဲ"

"ဘာလို့ မဆိုင်ရမှာလဲ။ အဲ့လိုဆို beta နဲ့ တူသွားမှာပေါ့"

ခါးမှာ ဖက်ထားတဲ့ ထယ်ရင်းရဲ့လက်တွေကို အတင်း ဆွဲဖြုတ်ပြီး သူ့ပေါင်ပေါ်ကနေ ဒုတိယအကြိမ်မြောက် လှိမ့်ချလိုက်သည်။ စောင်ပေါ်ကို နောက်ဆုတ်ထိုင်ရင်း ပွင့်ထွက်နေတဲ့ အင်္ကျီကြယ်သီးတွေကို ပြန်တပ်နေတုန်း ထယ်ရင်းက အံ့ဩစွာနဲ့ ကြည့်နေသည်။

"...အနံ့လည်း မထွက်, ခန္ဓာကိုယ်ကလည်း တောင့်နေတာ.. ထယ်ရင်းရှီရဲ့ ဖယ်ရိုမုန်းနံ့တောင် ရမနေတာ။ ကျွန်တော် beta မဟုတ်ဘူး။ ဒီလိုကြီး ကျွန်တော် မကြိုက်ဘူး"

"ကိုယ် ဂရုမစိုက်ဘူး"

တားဆီချိန်တောင် မရလိုက်ဘဲ ထယ်ရင်းရဲ့ ခပ်တည်တည်အသံက လွှမ်းမိုးလာသည်။

"ဟယ်အာ.. မင်းက မင်းပဲလေ။ beta နဲ့ တူနေလည်း ဂရုမစိုက်ဘူး"

'လိမ်နေတာ!'

မယုံကြည်နိုင်စွာနဲ့ အော်မိမလိုတောင် ဖြစ်သွားသည်။ နှုတ်ခမ်းကလည်း အလိုလို ဟသွားလိုက် ပိတ်သွားလိုက်နဲ့ ဖြစ်သွားရသည်။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now