ပြီးနောက် ဂန်ဟယ်အာက လက်မှာ တပ်ထားတဲ့ ဆေးကြိုးကို ဖြုတ်ပြီး ကုတင်ပေါ်က ဆင်းပြေးသည်။ ပြေးတာကလဲ ထယ်ရင်းနဲ့ ခြေလှမ်းအနည်းငယ်သာ ဝေးတဲ့နေရာဆီပါပဲ။
"ဂန်ဟယ်အာရှီ"
အဲ့နေရာမှာပဲ သူ့ကို စိုက်ကြည့်နေတဲ့ ဟယ်အာ့ တစ်ကိုယ်လုံးကို စကန်ဖတ်ကြည့်လိုက်သည်။ သေချာကြည့်မိမှ ပခုံးတွေ ကျယ်ပြီး သန်မာသည်။ ဖြူဖပ်ဖြူရော် ဖြစ်နေပေမယ့် လက်မောင်းမှာလဲ ဗလနည်းနည်းရှိသည်။ ဒါပေမယ့် တင်ပါးဆုံနဲ့ ခါးက ပိန်ပိန်လေးမို့ တစ်ကိုယ်လုံး ခြုံကြည့်ရင် အားမရှိသလို ဖြစ်နေသည်။
တစ်သက်လုံး ဟယ်အာ့ ဘေးနား ဝဲလည်လည်ဖြစ်နေမယ့် ယောက်ျားဆိုတာ ထယ်ရင်းတစ်ယောက်တည်း မဖြစ်နိုင်ဘူး။ ယောက်ျားတွေ ပုံအောနေမှာပဲ။ .. ရှေ့လျှောက်လည်း ထပ်များလာဦးမှာပင်။ အဲ့လိုမျိုး ဘာမှမသိတဲ့ မျက်နှာပေးလေးနဲ့ ရနံ့ချိုချိုလေး ထွက်နေမယ်ဆိုရင် ဘယ်လောက်မှမကြာဘူး alpha ကောင်တစ်ကောင်ကောင် ချဉ်းကပ်လာပြီး အီစီကလီလုပ်တော့မှာ သေချာသည်။
တွေးနေရုံနဲ့ ဘာအဖြေမှ ထွက်လာမဟုတ်လို့ ကိုယ်တိုင် စမ်းကြည့်လိုက်သည်။ ဟယ်အာ့ရဲ့ အမျိုးအစား ဘာလဲဆိုတာပါ တစ်ခါတည်း စစ်လိုက်သည်။ လက်မောင်းလေး ကိုင်လိုက်ရုံနဲ့ ဒီလို ပြိုလဲကျလာတာကို ကြည့်ရင် ဂန်ဟယ်အာသည် အင်အားနည်း omega မှန်း သေချာသည်။
ရင်ခွင်ထဲ ပြိုကျလာတဲ့ ဟယ်အာ့ကို လှမ်းပွေ့လိုက်သည်။ ဒီနေ့ထဲမှာပဲ သူ ဒီလူ့ကို ဖက်ထားရတာ နှစ်ခေါက်မြောက်ဖြစ်သည်။
"လွှတ်ပါ.."
ဂန်ဟယ်အာက ရင်ခွင်ထဲကနေ တောင်းဆိုသည်။
"လွှတ်ပေးပါ.."
လက်မောင်းဆီကို ဂန်ဟယ်အာ့ ခန္ဓာကိုယ်က အပူဓာတ် ကူးလာလို့ ထယ်ရင်းတောင် ပူလာသလိုပင်။ ချွေးစေးတွေပါ ပြန်နေတဲ့ သနားစရာ ယုန်လေးကို ကုတင်ပေါ် သေချာ ပြန်လှဲပေးလိုက်သည်။ ရနံ့လေးများ ဖုံးလို့ရမလား စောင်ပါ ခြုံပေးလိုက်ပေမယ့်လည်း ခုထိ နှာခေါင်းထဲမှာ ထုံနေတုန်းဖြစ်သည်။
'ရူးတော့မှာပဲ'
ထယ်ရင်းကြောင့် လန့်သွားတော့ ရနံ့က ပိုပြီးတောင် စူးလာပြီး အသက်ရှူပါကျပ်လာသည်။ ထယ်ရင်းက အင်အားကြီးမို့သာ ကံကောင်းခြင်းပင်၊ အင်အားနည်းသာဆို ဒီ ကောင်လေးကို ခုန်အုပ်မိတာ ကြာပါပြီ။
ВЫ ЧИТАЕТЕ
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
Любовные романыTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
