လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက နာမည်ကြီး ဇာတ်လမ်းတစ်ခုမှာ "omega ဆိုတာ alpha ဆီက အချစ်ခံရဖို့ မွေးဖွားလာကြတာ" ဆိုတဲ့ စကားတစ်ခွန်း ပါဝင်ခဲ့လို့ အင်တာနက်ပေါ်မှာ အငြင်းပွားကြသေးသည်။ စာရေးဆရာက omega တွေအကြောင်း လုံးဝမသိဘူးပဲ။ ဒီလိုစကားမျိုးကြားပြီး ပျော်မယ့် omega တွေ လက်တွေ့မှာမရှိဘူး။ alpha တွေ စိတ်ထင်တိုင်း မတွေးကြနဲ့ စသည်ဖြင့် ပြင်းထန်တဲ့ ဝေဖန်မှုမျိုးစုံ ထွက်ပေါ်လာခဲ့သည်။
ဒါပေမယ့် ဂန်ဟယ်အာက ဒီလိုမျိုး အခြေအနေဖြစ်နေတာဖြစ်သည်။ omega အပေါ်ကို အများမြင်ကြတဲ့ ထင်မြင်ယူဆချက်တွေ ပိုခိုင်လုံအောင် လုပ်ပေးနေတာက ဟယ်အာရဲ့ တည်ရှိမှုပင်ဖြစ်သည်။ 'alpha ဆီက အချစ်ခံရဖို့ မွေးဖွားလာတဲ့သူ" ဆိုတဲ့ အဓိပ္ပာယ်မရှိတဲ့ စကားကတော့ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိပါဘူး။ ဒါပေမယ့် အဲ့ alpha က ချောင်းထယ်ရင်းသာဆိုရင်တော့ ထူးခြားသွားပြီလေ။
သူဆိုတဲ့ အင်အားကြီး alpha အပေါ်ကို တဖက်သတ် inprint လုပ်မိလိုက်တဲ့ ဟယ်အာရဲ့ ခန္ဓာကိုယ်သည် အုတ်အော်သောင်းနင်းဖြစ်နေခဲ့သည်။ အိပ်ပျော်နေတဲ့ ထယ်ရင်းကို ခုန်အုပ်တာမျိုးတို့ , ရှိသမျှ အကုန် မြည်းကြည့်ချင်နေတာမျိုး, ဖယ်ရိုမုန်းအနံ့မှာ မူးပြီး အရည်တွေ ပေါက်ချမိတာမျိုး....တို့...
နောက်ဆုံးမှာတော့ ဆရာဝန် ကောက်ချက်ချလိုက်တာက ရိုးရှင်းပါသည်။ ဟယ်အာ imprint လုပ်ထားတဲ့သူက ဟယ်အာ့အပေါ်ကိုလည်း imprint ပြန်လုပ်ပေးစေချင်လို့ ခန္ဓာကိုယ်က အခုလို သောင်းကျန်းပြနေတာလို့ ဆိုသည်။
ဆရာဝန်ရဲ့ ရှင်းပြချက်က ဒီထက်ပိုပြီး ယဉ်ကျေးပြီး ရှည်လျားပေမယ့် အနှစ်ချုပ်ကတော့ အတူတူပါပဲ။
ထယ်ရင်းရဲ့ တုံ့ပြန်မှုတွေကို ကြည့်လိုက်ရင် ဟယ်အာ့ကို မုန်းတဲ့ပုံတော့မပေါ်။ ကောင်းတယ်လို့ ပြောပြီး ဖက်ပေးတာမျိုးကို ကြည့်ရင် ဟယ်အာ့ ကိုယ်နံ့က အဲ့လောက် မဆိုးပုံရသည်။
'အာအာ...'
ရုတ်တရက် ခေါင်းထဲမှာ ယူဆချက်အသစ် တစ်ခု ပေါ်လာတယ်။ သူက ဟယ်အာ့ကို သနားနေတာဆိုတဲ့ ဖြစ်နိုင်ခြေရှိတဲ့ ယူဆချက်တစ်ခုဖြစ်သည်။
ESTÁS LEYENDO
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
RomanceTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
