နှလုံးသားက အုန်းခနဲ အထိုးခံလိုက်ရသလိုမျိုး အသံထွက်ပြီး ကျယ်လောင်စွာ တဒိန်းဒိန်း ခုန်လာသည်။
စူးစူးဝါးဝါး အောင့်တက်လာတဲ့ ခံစားချက်ကြောင့် မျက်တောင် တစ်ချက်နှစ်ချက် ခတ်လိုက်တော့ အမြင်အာရုံတွေ ပြန်ကြည်လာသည်။ စားသောက်ဆိုင်အထဲကို နွေးထွေးတဲ့ နေရောင်ခြည်ဖျာကျနေပြီး အလင်းဟပ်နေတဲ့ ဂန်ဟယ်အာ့ရဲ့ မျက်ဝန်းတွေက အညိုရောင်တောက်နေသည်။ နိုင်ငံခြား သွေးနှောများလားလို့တောင် သံသယဝင်လောက်တဲ့ အညိုရောင် မျက်ဝန်းတွေက ဟိုဟိုဒီဒီ ဝေ့နေသည်။ အဲ့ လှုပ်ရှားနေတဲ့ ဟယ်အာ့ရဲ့ မျက်ဝန်းတွေနောက်ကို သူ ခပ်မြန်မြန် လိုက်လိုက်သည်။ လှပတဲ့ မျက်ဝန်းတွေထဲမှာ ထယ်ရင်းရဲ့ ပုံရိပ်လဲ အရောင်ဟပ်နေသည်။
"... ဟယ်အာရှီ.. ဂန်ဟယ်အာရှီ.."
တိုးတိုး ရေရွတ်မိတဲ့ သူ့ဘေးကို နာမည်မသိတဲ့ ခွေးတစ်ကောင် ဖြတ်သွားသည်။ ကြမ်းကြမ်းတမ်းတမ်း အဖြူရောင်အမွေးတွေကို ပိုင်ဆိုင်ထားတဲ့ ဒီ ခွေးက ဟယ်အာ့ရဲ့ ပါးပြင်နဲ့ နှုတ်ခမ်းကို လျှာနဲ့လျက်နေသည်။ ဝမ်းနည်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ မျက်နှာလေးက ဆိုဖာထိုင်ခုံပေါ်ကနေ လျှောကျသွားသည်။ မှိတ်နေတဲ့ မျက်လုံးတွေ, အနည်းငယ် ဟနေတဲ့ နှုတ်ခမ်းပါးက ကြောက်ဖို့ကောင်းအောင်ကို အေးချမ်းနေသည်။
ဒီမျက်နှာမျိုးကို ထယ်ရင်း မြင်ဖူးပါသည်။ သူ အိပ်ပျော်နေတဲ့ အချိန်လေးမှာပဲ တစ်ခါတစ်ရံပါ။ နိုးလာပြီး ထယ်ရင်းကို မြင်တာနဲ့ အဲ့အေးချမ်းတဲ့ မျက်နှာက ပျောက်သွားတာကိုး။ အခု သူက.. ဘယ်တော့မှ ထယ်ရင်းကို တွေ့ရတော့မှာမဟုတ်ဘူး။ ထာဝရ အေးချမ်းမှုကို ရွေးချယ်ဖို့ ဆုံးဖြတ်ချက်ချသွားပြီ။
"အဆင်ပြေရဲ့လား"
ဒါပေမယ့် မေးလိုက်တဲ့ မေးခွန်းက နောက်တစ်ဖန် ပြန်နိုးလာမယ့် လူတစ်ယောက်ကို မေးနေသလိုပင်။ ပြန်လာမယ့် အဖြေမရှိဘူးဆိုတာ သိပြီးသားဆိုပေမယ့်လည်း။ ပြန်မဖြေတဲ့ သူ့ကြောင့် ထယ်ရင်း နှလုံးသားထဲ နာကျင်ရပြန်သည်။ ဂန်ဟယ်အာ ပြန်မဖြေဘူး။ သူမေးတာကို ပြန်မတုံ့ပြန်ဘူး။ ဆဲဆိုမယ်ဆိုတောင် အဆင်ပြေတာမို့ ကျေးဇူးပြုပြီး စကားတစ်ခွန်းလောက် ပြောပေးပါလို့ တောင်းဆိုခဲ့တဲ့ ဂန်ဟယ်အာပဲ..
ESTÁS LEYENDO
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
RomanceTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
