အပိုင်း (၄၇)

1.8K 215 24
                                        

"အလုပ်လုပ်တဲ့အခန်းကို သီးသန့်ထားပေးတယ်ဆို။ ဟာ.. ဆရာလေးကတော့ ပျော်နေတော့မှာပဲ။ ဆရာကျ ဘေးကနေ ပန်းချီကို စစ်ပေးမှ အလုပ်ဖြစ်တဲ့ ပုံစံမျိုးဆိုတော့"

အဲ့ဒီအချိန်ထိတော့ အင်ဂွန်းဆိုတဲ့ အဲ့ဒီလူကို နာမည်ကြီးတဲ့ ဝေဖန်ရေးဆရာတစ်ယောက်အနေနဲ့ပဲ သိထားခဲ့တာ။ ထူထဲတဲ့ မျက်ခုံးတွေနဲ့ ပါဝါမပါတဲ့ မျက်မှန်က ပညာရှင်ဆန်တဲ့ ပုံစံကို ဖန်တီးထားပေမဲ့ သူ့ရဲ့ ကိုယ်နေဟန်ထားကို ကြည့်လိုက်ရင် သိနိုင်ပါသည်။ အားကစားကို တော်တော်လေး လုပ်တဲ့သူတစ်ယောက်ပဲ။

ကိုယ်နေဟန်ထားကောင်း ကျန်းမာတဲ့လူတစ်ယောက်အတွက် ပထမဆုံးအမြင်က အမြဲတမ်း ကောင်းပါသည်။ အင်ဂွန်းအပေါ် ထားတဲ့ ထယ်ရင်းရဲ့ ပထမဆုံး အမြင်ဟာလဲ ဒီလိုပါပဲ။ 'ဆရာလေး' 'ဆရာလေး'ဆိုပြီး ဂန်ဟယ်အာအကြောင်းကို ပြောနေတဲ့ ပုံစံကလည်း ဘာမှ အပြစ်ပြောစရာမရှိ။ အပြစ်ပြောနေရမယ့်အစားတောင် ဂန်ဟယ်အာ ဘယ်လိုလူမျိုးလဲဆိုတာကိုတောင် သိနိုင်မယ့် အခွင့်အရေးတစ်ခုပင်။

"ဘယ်လိုပဲဖြစ်ဖြစ် ရှေ့လျှောက် အများကြီး ကူညီပေးပါဦး။ ဆရာဂန်ရဲ့ အလုပ်ခန်းကိုလည်း မကြာခဏဆိုသလို လာလည်ဖြစ်မှာဆိုတော့ 'သွားရင်းလာရင်းနဲ့ ကိုယ်စားလှယ်ကြီးကိုလည်း တွေ့ရမှာပဲ'ဆိုပြီး စိတ်ပူနေတာ... ဟားဟား၊ ဒီနေ့တွေ့မှပဲ.. အဲ့လို အဆင်မပြေတာမျိုးတွေ မရှိလောက်တော့ပါဘူး"

သပ်ရပ်တဲ့ မျက်နှာနဲ့ ရုတ်တရက် အဓိပ္ပါယ်မပါတဲ့ စကားကို မပြောခင်အထိတော့ အင်ဂွန်းအပေါ် အမြင်က ကြည်နေပါသေးသည်။

"အဆင်မပြေစရာ ဘာရှိလို့လဲ"

"အာ"

ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်တော့ သူက သူ့ရဲ့ နှုတ်ခမ်းကို ပွတ်သပ်ရင်း ပြန်ဖြေသည်။

"ဆရာလေးက မပြောပြထားသေးဘူးထင်တယ်။ အာ... ကျွန်တော်ကလေ... ဆရာလေးနဲ့ ခဏလောက် တွဲခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ဆောင်းရာသီတုန်းက ခဏလေးပါပဲ"

ရုတ်တရက် ထွက်လာတဲ့ စကားကြောင့် ထယ်ရင်းရဲ့ အကြည့်က အင်ဂွန်းရဲ့ လက်ချောင်းတွေဆီကို ရောက်သွားသည်။ ဖြောင့်တန်းနေတဲ့ လက်ချောင်းတွေကို ငုံ့ကြည့်လိုက်တဲ့အချိန်မှာ ခေါင်းထဲမှာ လုံးလုံးဝိုင်းဝိုင်းရေးထားတဲ့ စာလုံးလေးတွေ ပေါ်လာသည်။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now