အလွန်လေးလံသောမျက်နှာတွင် ဝမ်းနည်းဟန်ရှိသောမျက်လုံးများ ထင်ဟပ်နေသော်လည်း ဟယ်အာ ကုတင်ပေါ်ကနေ ထပြီး လက်လာကိုင်ပေးတာ တော်ပါသေးသည်။
"အင်းအင်း ဟယ်အာ...ဘာဖြစ်တာလဲ တစ်ခုခုတော့ ပြောပါဦး"
လက်နှစ်ဖက်ကို ပြန်ဆုပ်ကိုင်ရင်း သူ့ လက်ချောင်းများကို မနားတမ်း နမ်းရှိုက်မိသည်။ လက်က အပူချိန်က အေးခဲလောက်တဲ့အထိ ဖြစ်နေသောကြောင့် လက်ဖဝါးနှစ်ဖက်ကြားညှပ်၍ ပွတ်ပေးလိုက်သည်။ လက်နှစ်ဖက် ပူလာအောင် ပွတ်ပေးနေတဲ့ ထယ်ရင်းကို ဟယ်အာက ပထမဆုံးမြင်ဖူးတဲ့ စာအုပ်တစ်အုပ်ကို ဖွင့်ဖတ်ကြည့်သလိုမျိုး ငြိမ်သက်စွာ စူးစိုက်ကြည့်နေခဲ့သည်။
"လက်.. မခံနိုင်သေးတာထင်တယ်.. ထယ်ရင်းရှီက ချစ်ပေးနေတယ်ဆိုတာ..."
ထစ်ထစ်ငေါ့ငငေါ့ နှေးကွေးသော စကားလုံးများက နားလည်ရခက်စွာ ရောက်ရှိလာခဲ့သည်။
"ဘယ်သူက လက်မခံနိုင်တာလဲ"
"ကျွန်တော်...က"
ဟယ်အာက ပြန်ဖြေသည်။ ထို့နောက် ပါးစပ်ကို ဟထားရင်း အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့သည်။ တုံ့ဆိုင်းမှုက ရှည်ကြာခဲ့သည်။
"...ကျွန်တော် မမြင်ဖူးဘူး။ ထယ်ရင်းရှီက အဲ့လို... အဲ့လို ရယ်ပြတာမျိုး။ အမြဲ ကျွန်တော့်ကို အဲ့လို မျက်လုံးတွေနဲ့ ကြည့်ပေးဖို့ ဆုတောင်းခဲ့တာ... ညတိုင်းတွေးခဲ့တာ။ အာ ဒီနေ့ မဟုတ်သေးရင် မနက်ဖြန်ကျ ကျွန်တော့်ကို သဘောကျပေးမလား... မနက်ဖြန်ကျရင် ကျွန်တော့်ကို ကြည့်ပြီး ရယ်ပြပေးမလား။ ဘယ်လိုလုပ်မှ ခင်ဗျား စိတ်ကြိုက်ဖြစ်မလဲ"
ဘာစကားပဲပြောပြော သူ့ အသံကိုသာ ကြားရရင်ပြီးပြီဟု ဆန္ဒပြင်းပြခဲ့သော စိတ်ကိုပင် မေ့လျော့ကာ မျက်မှောင်ကြုတ်မိသည်။ ဒီထက် နားလည်ရခက်တဲ့ စာကြောင်းရှိပါဦးမလား။ ထယ်ရင်းက သူ့ကို သဘောကျပေးပြီး ရယ်ပြပေးဖို့ စောင့်ဆိုင်းနေရပြီး ထယ်ရင်း စိတ်ကြိုက်ဖြစ်အောင် နေချင်တဲ့ ဂန်ဟယ်အာဆိုတော့... ။
ဟယ်အာ့ကို ပထမဆုံး မြင်ကတည်းက သဘောကျခဲ့သည်။ သူ့ကိုမြင်လိုက်တိုင်း အလိုလို ပြုံးမိပြီး ဖြူဖွေးနေတဲ့ လက်ရှည်အင်္ကျီ ဝတ်ဆင်ပြီး ထယ်ရင်းဆီ ဦးတည်လျှောက်လာသည့်အချိန်မှစပြီး ဂန်ဟယ်အာကို စိတ်ထဲတွင် နေရာပေးခဲ့သည်။
YOU ARE READING
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
RomanceTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
