လမင်းနဲ့ လက်ထပ်ထားသူ
ပန်းချီဆရာ ဂန်ဟယ်အာဆိုတာ "Undulate" ဆိုတဲ့ ပန်းချီစီးရီးနဲ့ နာမည်ကြီးလာခဲ့သူ ဖြစ်သည်။ ပန်းချီနဲ့ လုံးဝ မရင်းနှီးတဲ့ လူပိန်းတစ်ယောက်အနေနဲ့ ဂန်ဟယ်အာ့ပန်းချီတွေ နာမည်ကြီးကြောင်း ဘယ်ချိန် သိလိုက်သလဲဆိုရင်၊ တစ်နေ့နေ့မှာ ဘေးဘီကို သတိထားကြည့်မိလိုက်လို့ နေရာတိုင်းမှာ ဂန်ဟယ်အာ့ ပန်းချီ pattern တွေ ရှိနေတာကို တွေ့လိုက်ရချိန်ဖြစ်သည်။
နာမည်ကြီး ဒီဇိုင်နာနဲ့ ပေါင်းပြီး ထုတ်ဖြစ်တဲ့ အဝတ်အထည်၊ ကြော်ငြာတွေ၊ နာမည်ရဒါရိုက်တာ ထုတ်လိုက်တဲ့ ရုပ်ရှင်ရဲ့ ပါဝင်ပစ္စည်းတွေ(mise-en-scene) အဖြစ်လဲ အသုံးပြုကြသည်။ တစ်ခါတစ်လေ မြေအောက်ရထားစီးပြီး အလုပ်သွားချိန် သူ့ ပန်းချီတွေသုံးထားတဲ့ phone case တွေကိုတောင် တွေ့ဖူးသည်။ ဂန်ဟယ်အာဆိုတဲ့လူကို မသိတောင်နေပါစေ၊ ဂန်ဟယ်အာရဲ့ ပန်းချီတွေဆိုရင် ဘယ်သူမကျန် သိနေသည်။
သူ့ရဲ့ ပန်းချီ "Undulate" နာမည်ကြီးပြီး အကြာကြီးနေမှ သူဆိုတဲ့ 'ဂန်ဟယ်အာ' က နာမည်ကြီးစ ပြုလာသည်။ အသုံးပြုနေကျ ပေါ်တယ်လ်ဆိုက်တွေရဲ့ ဖက်ရှင်အကန့်ထဲမှာဖြစ်ဖြစ်၊ မနက်ခင်းသတင်းတွေပါ တစ်ခါတစ်ရံ တွေ့လာရာကနေ နာမည်ကြီးတစ်ယောက် ဖြစ်သွားတော့သည်။
မီဒီယာတွေ ဖော်ညွှန်းတဲ့ ဂန်ဟယ်အာက ဆိုရှယ်မီဒီယာ စွဲလမ်းနေသူတစ်ဦး၊ အပေါင်းအသင်း ခုံမင်ပြီး ထူးခြားတဲ့အမြင်ရှိတဲ့ အနုပညာရှင်တစ်ဦးဖြစ်သည်။ သူ ဝတ်တဲ့ ဂျင်းဘောင်းဘီရဲ့ ဈေးနှုန်း ပေါက်ကြားပြီးနောက် လူထုက သူ့ကို ဝိုင်းဆဲဆို အပြစ်တင်ကြသည်။ နောက်မှ နိုင်ငံခြားဒီဇိုင်နာတစ်ယောက်ရဲ့ လက်ရာဆိုတာ သိပြီးနောက် တဖြည်းဖြည်း လက်ခံလာကြပြီး၊ သူတို့ခေါ်တဲ့ ဟုတ်လှပါပေ့ အနုပညာလား၊ ပစ်စလက်ခတ် ခြစ်ချင်ရာခြစ် လက်ရာလားဆိုပြီး အငြင်းပွားကြပြန်သည်။ ဒီအခြေအနေကို နာမည်ကြီး ဝေဖန်ရေးသမားတစ်ဦးက အနုပညာအသုံးအနှုန်းတွေသုံးပြီး စာတစ်ပုဒ်တင်လိုက်သည်ဆိုပါစို့၊ တင်ပြီး ၂နာရီအတွင်း အင်တာနက် ဆောင်းပါးတစ်ခု တက်လာပါလိမ့်မည်။
ВЫ ЧИТАЕТЕ
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
Любовные романыTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
