အပိုင်း (၅)

6.7K 1K 42
                                        

[Unicode]

ခွေးပေါက်လေး ဟောင်လို့ တစ်ယောက်ယောက်က ကြားပြီး ရဲတိုင်လိုက်သလား မပြောတတ်။ ဒါမှမဟုတ်ရင်လဲ နေ့လယ်တုန်းက တွေ့ခဲ့တဲ့ အဒေါ်ကြီးက ပြောစရာစကားကျန်နေလို့ အိမ်ပြန်ရောက်လာသလား။ ဒါမှမဟုတ်သေးဘူးဆိုရင် မဟုတ်မှလွဲရော.. ထယ်ရင်းရှီ အိမ်ပြန်ရောက်လာပြီး သူ့ကိုများ ရှာခဲ့တာဖြစ်နိုင်လား။

သူ ချန်ခဲ့တဲ့ စာတိုလေးကို မတွေ့ခင်မှာပဲ အပန်းဖြေအိမ်ထဲလာပြီး သူ့ကို ရှာခဲ့တာများလား။ ပလတ်စတစ်အုပ်ထားတဲ့ ဆိုဖာပေါ်မှာ လှဲနေတဲ့ သူ့ပုံစံက ကြက်သီးထလောက်အောင်ကို ပျက်စီးနေမှာ သေချာသည်။ မျက်ဖြူလန်နေတာဖြစ်ဖြစ် ပါးစပ်ကနေ အမြှုပ်တစီစီ ထွက်နေတာပဲဖြစ်ဖြစ် မျက်နှာအရောင်ကလဲ ခရမ်းရောင်ဖြစ်နေလောက်သည်။ သူ့ပုံစံကို တွေ့ပြီး ထယ်ရင်း လန့်သွားမလား။ အရေးပေါ်ကားခေါ်ပြီး သူ့ကို ဆေးရုံပို့ပေးခဲ့တာများလား။

ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြနေပုံပေါ်တဲ့ ထယ်ရင်းရဲ့ အသံကို ဝိုးတဝါး ကြားလာရသည်။ ပထမကတော့ တစ်ယောက်တည်း ပြောနေတာလို့ ထင်ခဲ့ပေမယ့် တဖြည်းဖြည်း နားထဲ ထင်ထင်ရှားရှားဝင်လာတော့ ထယ်ရင်းက တစ်ယောက်ယောက်နဲ့ ဖုန်းပြောနေခြင်းဖြစ်နေသည်။

"ဟုတ်ကဲ့" လို့ ဖြေလိုက်တဲ့အသံက တိုတိုတုတ်တုတ်..

"အခု ဆေးရုံမှာပါ" လို့ရှင်းပြတဲ့အသံကလည်း ရိုးရှင်းသည်။

ရုတ်တရတ် ဟယ်အာ ငိုချင်စိတ်များပေါက်လာသည်​။ သူ ချောင်းထယ်ရင်းကို အရမ်းမုန်းသည်။ တကယ်ကိုပဲ အရာအားလုံးကို နာကြည်းမိသည်။

' ကျွန်တော့်ကိုတစ်ယောက်တည်း ပစ်ထားလိုက်ပါတော့လား.. ကျွန်တော့်လို ကောင်မျိုးကို ပစ်ပြီး ခင်ဗျား ပါတနာ နောက်တစ်ယောက်ရှာလို့ ရနေသေးတာပဲ.. ထယ်ရင်းရှီလဲ သဘောကျပြီး စကားပြောရလဲအဆင်ပြေ၊ အချင်းချင်း လိုက်ဖက်တဲ့ omega နဲ့ လက်ထပ်ဖို့ မျှော်လင့်ခဲ့တာလေ... အခုတော့... ဒါက ဘယ်လိုဖြစ်ရတာလဲ'

သို့သော်လည်း နာကြည်းမှုတွေကို စိတ်ထဲမှာသာ ဖွင့်ထုတ်ဖို့တတ်နိုင်ခဲ့သည်။ မျက်လုံးဖွင့်ပြီး ထယ်ရင်းကို ရင်ဆိုင်ဖို့ သူ့မှာ သတ္တိမရှိခဲ့ချေ။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now