အပိုင်း (၁၄)

5.4K 861 53
                                        

[Unicode]

"သွားရအောင်"

ချောင်းထယ်ရင်းက ပြောသည်။ လက်တစ်ဖက်မှာတော့ ဖုန်းကိုင်ထားပြီး အနက်ရောင် လည်ပိတ်အင်္ကျီရဲ့ အပေါ်ပိုင်းက မြင်ရတဲ့ လည်ပင်းသည် နီရဲနေသည်။

"... ဟို.. ဒီ လူက ကျွန်တော့်.. ဆေး ညွှန်းပေးမယ်ပြောလို့"

"alphaကောင်က ဘာသိမှာမို့လို့လဲ"

နှုတ်ဆက်ဖို့အချိန်တောင်မပေးဘဲ ထယ်ရင်းက သူ့ လက်ဆွဲအိတ်ကြိုးကို ဆောင့်ဆွဲလိုက်သည်။ တင်းတင်း ဆုပ်ကိုင်ပြီး ဆွဲလိုက်တာကြောင့် ဟယ်အာ့ ကိုယ်လုံးလေးသည် လည်ပတ်ကြိုးတပ်ထားတဲ့ ခွေးတစ်ကောင်လိုမျိုး ဝှစ်ခနဲ ပါသွားတော့သည်။

'အော... အော်.... ဟိုလူ ဘယ်လိုလုပ်မလဲ'လို့ တွေးရင်း လှည့်ကြည့်လိုက်တော့ ထိုလူက လက်နှစ်ဖက်လုံးကို မြှောက်ရင်း ကျန်နေခဲ့သည်။ လန့်သွားသည့်ပုံစံနှင့် တစ်ခုခုကို ရေရွတ်နေတဲ့ ထိုသူကို နောက်မှာ ချန်ရစ်ခဲ့လျက်ပင် ဟယ်အာသည် ဇိမ်ခံကားရှေ့အထိ တရွတ်တိုက် ပါသွားသည်။

"အရေးကြီးတဲ့ ဖုန်းလာတာနဲ့တူတယ်.. ကောင်းကောင်း အဆင်ပြေသွားရဲ့လား"

ဖရိုဖရဲဖြစ်သွားတဲ့ အပေါ်ဝတ်ကို လက်နဲ့ တဖုတ်ဖုတ် ခါရင်း ထယ်ရင်းကို မေးလိုက်သည်။

"ပြေပါတယ်"

ချက်ချင်း ပြန်ဖြေတဲ့ ထယ်ရင်းရဲ​့ အသံမှာ ဒေါသသံစွက်နေသည်။

ဘာကြောင့် ဒေါသထွက်နေသလဲ ဟယ်အာမသိခဲ့ပေ။ ဖုန်းပြောနေတုန်း သူပျောက်သွားလို့ စိတ်တိုသွားတာများလား။ ဒီလိုကိစ္စမျိုးကြောင့် အလွယ်တကူ ဒေါသထွက်တတ်တဲ့လူလဲ မဟုတ်ပါဘဲ ထူးဆန်းလွန်းသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဟယ်အာ လိုနေတာက ဆေးဖြစ်ပြီး လေဆိပ်မှာ အကုန်အသိမ်းခံလိုက်ရတဲ့အဖြစ်က တစ်ခါမှ တွေးမထားဖူးတဲ့ကိစ္စဖြစ်သည်။

'ငါ သေချာ မပြင်ဆင်လာလို့များလား..'

အတွေးစရဲ့ အဆုံးစွန်လောက်မှာ..

'စိတ်မတည်မငြိမ်ဖြစ်တဲ့ကာလကိုတောင် ကောင်းကောင်း မကျော်ဖြတ်နိုင်တဲ့ အင်အားနည်း omega ဖြစ်နေလို့များ... ... ငါ့ကို စိတ်တိုသွားတာများလား'

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now