အပိုင်း (၁၁၄)

1.1K 145 11
                                        


...အရာအားလုံးက တစ်ညတည်းမှာ ပရမ်းပတာ ဖြစ်သွားခဲ့တယ်။

လှေကားအောက်မှာ လဲကျနေတဲ့ ဂန်ဟယ်အာကို တွေ့လိုက်ရတော့ လန့်သွားတာ ရူးမတတ်ပါပဲ။ သူ့ရဲ့ ပါးပြင်လှလှလေးကနေ သွေးတွေ စီးကျနေပြီး လှေကားလက်ရန်းမှာ ချိတ်နေတဲ့ ခြေချောင်းတွေက ခွေခေါက်နေခဲ့တယ်။ သူ့ နှာခေါင်းနဲ့ နားတွေကနေ ရေတွေ စီးကျနေတာ မြင်တော့ တစ်ခုခု အကြီးအကျယ် မှားယွင်းသွားပြီထင်ပြီး ကျွန်တော် သတိလစ်မတတ်ကို ဖြစ်သွားတယ်။

သတိပြန်ရလာတော့ ဆေးရုံမှာ ရောက်နေပြီ။ သူ့ မိသားစုတွေထက်ကို ကျွန်တော့် မိဘတွေက ဆေးရုံခန်းထဲ အရင်ရောက်လာခဲ့တယ်။ အဖေကတော့ ကျွန်တော့်အပေါ် အရမ်းဒေါသထွက်နေခဲ့တယ်။ ကိုယ့် ယောက်ျား လှေကားပေါ်က ပြုတ်ကျတာတောင် မသိဘဲ ဘာလုပ်နေတာလဲဆိုပြီး ဆူပူကြိမ်းမောင်းတာကို နားထောင်နေရတာက ပိုပြီး လွတ်လပ်သလို ခံစားရတယ်။ ဂန်ဟယ်အာက ကျွန်တော့်ကို အဆင်ပြေပါတယ် ဘာမှမဖြစ်ဘူးလို့ပဲ ဆက်တိုက် ပြောနေလို့ စိတ်ထဲမှာ ကျပ်တည်းနေခဲ့တာ... လုံးဝ အဆင်မပြေဘူးဆိုတာ မြင်နေရရက်နဲ့ အဆင်ပြေပါတယ်လို့ပဲ ပြောနေလို့...။

အဲ့ဒီ့နေ့ကစပြီး ဂန်ဟယ်အာ ဆေးရုံတက်ပြီး အမျိုးမျိုးသော ကုသမှုတွေ ခံယူခဲ့ရတယ်။ ချောမောလှပတဲ့ သူ့ မျက်နှာပေါ်က ဒဏ်ရာက ထင်ထားတာထက် ပိုဆိုးရွားတာကြောင့် နောက်ဆုံးမှာတော့ မတတ်နိုင်ဘဲ သုံးချက်ချုပ်လိုက်ရတယ်။ မိသားစုတွေကိုတော့ လှေကားပေါ်က ပြုတ်ကျလို့ရတဲ့ ဒဏ်ရာပါဆိုပြီး ပြောလို့ ကျွန်တော်လည်း အဲ့လိုပဲ ထင်ခဲ့တာ။

၃ ပတ်အကြာမှာ ကျွန်တော်လည်း စိတ်ရောဂါကုသမှု ခံယူခဲ့တယ်။ သူ့ ပါး ပြဲထွက်အောင် လက်နဲ့ ရိုက်ခဲ့တဲ့ အဖြစ်အပျက်က ဆွေးနွေးကုသမှုခံယူနေရင်း ရုတ်တရက် ပြန်သတိရမိသွားတယ်။ ဘယ်လိုများ အဲဒီအချက်ကို မေ့နေနိုင်ခဲ့တာလဲ။ ကျွန်တော့်လက်နဲ့ ထိလိုက်တာနဲ့ တစ်ကိုယ်လုံး လည်ထွက်သွားတဲ့ ပုံစံက ရုပ်ရှင်ထဲက မြင်ကွင်းလိုပဲ ပြန်ပေါ်လာခဲ့တယ်။ မိုးကြိုးပစ်ချသလိုပဲ ကျွန်တော့် စိတ်ထဲကနေ ဘယ်တော့မှ ပျောက်ကွယ်မသွားတော့ဘူး။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Donde viven las historias. Descúbrelo ahora