အပိုင်း (၁၀၃)

1.4K 177 14
                                        

ဂန်အီဟယ်ဆီကနေ ထယ်ရင်း လိုချင်တဲ့ အဖြေ မရခဲ့ပါ။ တောင်းပန်စကားတောင် မကြားခဲ့ရ။

'သုံး! ... လေး!'

အကြိမ်ရေကို ရေတွက်ရင်း သူ့ ဗိုက်ကို ကန်ပြီး နင်းလိုက်သည်။ ဟယ်အာ့ရဲ့ ကိုယ်ပေါ်က ဒဏ်ရာတွေကို စဉ်းစားပြီး အဲ့ဒါနဲ့ အနီးစပ်ဆုံး နေရာကို ရွေးလိုက်သည်။

တိတိကျကျ လက်စားမချေရတဲ့ အကြောင်းရင်းက ရိုးရှင်းပါသည်။ ထယ်ရင်းက ဂန်အီဟယ်လို ရူးမ်ိုက်တဲ့သူ မဟုတ်လို့ပင်။ ကိုယ်တွင်းအင်္ဂါတွေ ပေါက်ပြဲသွားတဲ့အထိ သက်သေချန်ထားဖို့ စိတ်ကူးမရှိပါ။

ငါးကြိမ်မြောက် ခြေထောက်နဲ့ ကန်တော့ သူက ထယ်ရင်းရဲ့ ခြေထောက်ကို ဖက်ပြီး တားသည်။ ဘယ်လောက်တောင် ရုန်းကန်လိုက်သလဲဆိုတော့ သူ့ လက်နဲ့ ထိမိတဲ့ စားပွဲက ဘေးတိုက်လဲကျပြီး ကြွေပန်းအိုးတောင် ကွဲကြေသွားသည်။

"ဖြေ.. ဖြေမယ်!! ဖြေမယ်လို့..."

ပြီးနောက် ဟန်မပျက် သူ့ မျက်နှာကို ဖုံးထားတဲ့ ဂျာကင်ကို ဖြည်နေလို့ ထယ်ရင်း ချက်ချင်း ဘယ်ဘက်ရင်အုံကို ကန်လိုက်သည်။ 'ဂျွတ်'ကနဲ အသံနဲ့ ခိုင်မာတဲ့ ရင်ဘတ်အုံက ကွဲသွားသလို နာကျင်တဲ့ အသံ ထွက်ပေါ်လာပြီးနောက်,

"အား!! ! အာ့!!! လီးပဲ!!!! ပြောမယ်လို့! ပြောနေတယ်လေ!"

လက်သီးနဲ့ ကြမ်းပြင်ကို ထိုးရင်း ဂန်အီဟယ်က အော်ဟစ်နေသည်။ သူ ထယ်ရင်းကို မနိုင်ပါ။ ကိုယ့်ဒေါသကိုယ်တောင် မနိုင်တဲ့သူက ဘယ်လိုလုပ် တခြားသူကို နိုင်မှာတဲ့လဲ။

"ရှီးဘား... အဲ့ကောင်..မဟုတ် ဂန်ဟယ်အာ... သူက အဲ့လို ကလေး မဟုတ်ဘူး... ကျွန်တော့် ညီလေးမို့လို့ ကျွန်တော် သိတယ်။ ဒါပေမယ့် မနေ့ကကျ သူက ရူးသွားတာလားမသိ ပြန်ပြန်ပြောနေတာနဲ့.. အဲ့ဒါ"

"အဲ့ဒါ?"

"ခင်.. ခင်ဗျားအဖေ... စုံစမ်းစစ်ဆေးရေးမှူးချောင်းကို ...ထိခိုက်မှာလားဆိုပြီး"

ဒူးပေါ် နင်းဖို့လုပ်နေတဲ့ ခြေထောက်က လေထဲမှာ ရပ်တန့်သွားသည်။ အသံတိတ် ယိုင်လဲရင်း ခြေနှစ်ဖက်နဲ့ မြေကြီးကို ကန်ထောက်လိုက်သည်။ အဲ့လိုမှ မလုပ်ရင် ကြမ်းပေါ် လဲကျတော့မလို ဖြစ်နေလို့။ ပတ်ပတ်လည်က နံရံတွေ တစ်ပြိုင်နက်တည်း ခေါင်းပေါ် ဖိကျလာသလို ခံစားရသည်။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now