အပိုင်း (၁၀၀)

1K 163 12
                                        

ဂန်ဟယ်အာက ထယ်ရင်းကို ရူးအောင်လုပ်နေသည်။ သူ့ကြောင့် ဒေါသထွက်ပြီး သူ့အစား ဝမ်းနည်းနေတဲ့ ထယ်ရင်းကို ရှေ့ထားပြီး ရယ်နေသည်တဲ့။ အသံထွက်ပြီးနောက် ရယ်နေတဲ့ မျက်နှာကို မြင်ရတော့ တစ်ကိုယ်လုံးက သွေးတွေ အပြာရောင်ဖြစ်သွားသလိုပင်။

"ထယ်...ထယ်ရင်းရှီလည်း အဲ့လိုပဲ မဟုတ်ဘူးလား။ အင်္ဂါနေ့တိုင်း မြေအောက်ရထား စီးတယ်လေ။ ကုမ္ပဏီ image မြှင့်တင်ဖို့ လုပ်တာ မဟုတ်လား...? ကျွန်တော်လည်း အလားတူပဲ.. မဟုတ်ဘူး... အတူတူပဲ။ ဒီတိုင်း... မိသားစု image  မြှင့်တင်တာပါ"

ဟာသလုပ်သလို တိုးတိုးပြောတဲ့ အသံက ထယ်ရင်းရဲ့ စိတ်ဝိညာဉ်ကို ဘယ်ညာ လှုပ်ခတ်ပစ်လိုက်သည်။ ဘယ်နှစ်ခါလောက်များ ဒီလို စဉ်းစားပြီး ကိုယ့်ကိုယ်ကိုယ် လှည့်ဖြားခဲ့ရင် ဒီလိုအချိန်မျိုးမှာတောင် ထယ်ရင်းရဲ့ ရှေ့မှာ image မြှင့်တင်မှုဆိုတဲ့ ဆင်ခြေကို ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောနိုင်တာလဲ...။

"မဟုတ်ဘူး!  မတူဘူး..."

ရှိုက်ကြီးတငင် ငိုနေတဲ့ ထယ်ရင်းကို..

"တူတူပဲလေ.. မဟုတ်ဘူးလား။ အများအမြင်ကြည့်ကောင်းအောင် လုပ်တာပဲ.. ဘာမကောင်းလို့လဲ.."

ဟယ်အာကမှ ပြန်ပြီး နှစ်သိမ့်ပြီး ချော့ဖို့ ကြိုးစားနေသည်။

"အဲ့ဒါနဲ့ ဒါက ဘယ်လိုလုပ် တူမှာလဲ..."

ရုတ်တရက် အားကိုးရာမဲ့တဲ့ ကြောက်ရွံ့မှု ဝင်လာသည်။ ဒီအတိုင်း ဂန်ဟယ်အာက ထယ်ရင်းကို ထားခဲ့တော့မယ်ဆိုတဲ့ အခြေအမြစ်မရှိတဲ့ ကြောက်ရွံ့မှုက တစ်ကိုယ်လုံးကို ထိုးနှက်နေသည်။ နှင်းပွင့်လို ဖြူဖွေးပြီး အေးစက်နေတဲ့ သူ့ မျက်နှာကို ကြည့်လိုက်တော့ စိုးရွံ့လွန်းလို့ သေတော့မတတ်ပင်။ နောက်လှည့်ပြေးမသွားနိုင်အောင် သူ့ ပိန်ပါးတဲ့ ပခုံးတွေကို လက်နှစ်ဖက်နဲ့ တင်းတင်း ဖမ်းဆုပ်ထားလိုက်သည်။

ထားသွားမှာ စိုးတဲ့ ကြောက်စိတ်တွေကြောင့် ရင်ထဲမှာ နာကျင် ခံစားနေရပေမယ့်,

"စိတ်မဆိုးပါနဲ့"

သူက အဓိပ္ပာယ်မရှိတဲ့ စကားကိုပြောလာသည်။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now