အပိုင်း (၉၃)

1.1K 173 18
                                        

ထောင့်မှန်နာရီထဲက မိနစ်လက်တံ ဆယ်ကန့်အကျော်ထိ ရွေ့လျားသွားပြီးမှ ဂန်ဟယ်အာက တစ်ခုခုကို ခံစားမိဟန်နဲ့ ခေါင်းလှည့်ကြည့်လာသည်။ အံ့အားသင့်သွားတဲ့ မျက်နှာမျိုးနဲ့ ကြည့်နေတဲ့ အညိုရောင်မျက်လုံးတွေက အရောင်မှိန်နေသည်။ အရက်မူးနေသလိုလို အိပ်ငိုက်နေသလိုလို တစ်ခုခုကြောင့် အလွန်ဝမ်းနည်းနေတဲ့ပုံလဲ ပေါ်နေသည်။

သူ့ဆီကနေ တစ်ခုခုများ ပြောလာမလားလို့ စောင့်ရင်းတဲ့မှ ထယ်ရင်း မသက်မသာ ပြုံးပြလိုက်သည်။ ပြုံးပြလိုက်တော့ သူက ကားချပ်ဆီကို ခေါင်းပြန်လှည့်သွားပြီး စုတ်တံဖျားက ဆေးတွေကို အဝတ်စနဲ့ ပွတ်သုတ်နေတဲ့ လက်တွေက စက်ရုပ်ပျက်တစ်ခုလို တတုံ့တုံ့ လှုပ်ရှားနေသည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် သူ နောက်တစ်ခါ ပြန်လှည့်ကြည့်သည်။

"အာ..."

ပါးစပ်ကလေးဟပြီး "အာ"ဆိုတဲ့ အဓိပ္ပာယ်မဲ့တဲ့ အာမေဍိတ်သံလေးသာ ထွက်လာသည်။ သူ့ မျက်လုံးတွေက ထယ်ရင်းရဲ့ ခေါင်းထိပ်ကနေ ဖရိုဖရဲ တွန့်ကြေနေတဲ့ ရှပ်အင်္ကျီ၊ ဖုန်တွေ ကပ်နေတဲ့ ဘောင်းဘီ၊ အနက်ရောင်ရှူးဖိနပ်တွေအထိ ဖြည်းဖြည်းချင်း လျှပ်ကြည့်သည်။

အလင်းရောင်မရှိတဲ့ အညိုရောင်မျက်လုံးတွေက ထယ်ရင်းဆီကို ကြီးမားတဲ့ ဝမ်းနည်းမှုတစ်ခုကို ရုတ်တရက် ပေးသည်။ အတင်းအကျပ် ပြုံးပြရင်း သူ့နဲ့ မျက်လုံးချင်း ဆုံတဲ့အခါ၊ တဖြည်းဖြည်း ကျုံ့ဝင်သွားတဲ့ သူ့ မျက်နှာကို မြင်ရတဲ့အခါ... ထူးထူးဆန်းဆန်း အရမ်းကို ဝမ်းနည်းခဲ့သည်။

အလုပ်ခန်းထဲကို လျှောက်ဝင်သွားပြီး သူ့ပန်းချီကားကို နောက်တစ်ခါ ထပ်ကြည့်လိုက်သည်။ နီးနီးကပ်ကပ် ကြည့်လိုက်တော့ ပန်းချီကားရဲ့ အနုစိတ်မှုက မှင်သက်ဖွယ်ရာဖြစ်သည်။ ဒီလိုမျိုး ပြင်းထန်တဲ့ စိတ်ခံစားမှုမျိုး တစ်သက်မှာ နှစ်ခါရှိမှာ မဟုတ်။ နှလုံးသားတွေ တဒိတ်ဒိတ်ခုန်နေပြီး မကြာခင်မှာပဲ ရှက်သွေးဖြန်းသွားရသည်။

ချောင်းထယ်ရင်းဟာ တကယ်ကို သဘောထား သေးသိမ်တဲ့လူဖြစ်သည်။ ဒေါသထွက်ပြီး ဘာ ဆင်ခြေတွေ များပေးမလဲ နားထောင်မယ်ဆိုပြီး ဆိုးလ်အထိ ဂန်ဒယ်အာကို တွေ့ဖို့လာခဲ့တဲ့ တစ်ကိုယ်ကောင်းသမား။ ဒီလို မကောင်းတဲ့ ကောင်ကိုမှ ဂန်ဟယ်အာက အနုစိတ် အနုပညာလက်ရာအဖြစ် ပုံဖော်ထားသည်တဲ့။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Место, где живут истории. Откройте их для себя