အပိုင်း (၅၈)

1.4K 176 6
                                        

'ကျွန်တော်နဲ့ အတူရှိနေချိန်၊ ကျွန်တော် သူ့လက်ကို ကိုင်တဲ့အခါ၊ သူ့ကိုချစ်တယ်လို့ ပြောရင်း ဆွဲထားတဲ့အခါ... အဲ့လို ကျွန်တော့်ပုံစံကို သူ မြင်တဲ့အခါ... ထယ်ရင်းရှီရဲ့ စိတ်ထဲမှာ ဒီလိုမျိုး ခံစားခဲ့ရမလား။ ဒီလိုမျိုး ဟာလာဟင်းလင်းဖြစ်ပြီး ဘာခံစားချက်မှ မရှိဖြစ်ခဲ့မလား။ ဘာခံစားချက်မှ မပေါ်လာလို့ အားနာရတဲ့အထိပဲလား။ အရာဝတ္ထတစ်ခု... ကို ကြည့်ရသလိုမျိုး... အဲ့လောက်တောင် စက်ဆုပ်ခဲ့မလား..'

မရေမတွက်နိုင်တဲ့ မေးခွန်းတွေက နှလုံးသားကို ထိုးနှက်နေသည်။ ပေါ့ဆမိတဲ့အချိန် တိုးဝင်လာတဲ့ ဓားသွားတွေကို ဟယ်အာ မတားဆီးနိုင်ခဲ့ဘူး။ လှံက ဟယ်အာ့ လက်ထဲမှာ ရှိနေပြီး ကိုယ့်ကိုယ်ကိုယ် နှိပ်စက်တာကလည်း အတော်ဆုံး အရာတွေထဲက တစ်ခုပဲ။

ဒါပေမဲ့ ဟယ်အာ ရယ်ပြလိုက်သည်။ ဆရာအင်ရဲ့ လက်ကို ဆုပ်ကိုင်ပြီး နှုတ်ခမ်းဖျားကို အတင်းအကျပ် ဆွဲတင်ကာ ပြုံးပြခဲ့သည်။

"ဘာမှမဟုတ်ပါဘူး။ တစ်ညလုံး အိပ်ရေးပျက်သွားလို့ ငိုက်နေတာ..."

သမ်းဝေပြီး ပခုံးတွန့်ပြလိုက်ပေမယ့် နှလုံးသားက ထပ်ခါတလဲလဲ ပြဲပြဲစုတ်စုတ် ဖြစ်နေခဲ့သည်။ အသေးငယ်ဆုံးအထိ ခွဲခြမ်းလို့မရတော့ဘဲ မှုန့်မှုန့်ကြေသွားတဲ့အထိ၊ အခုမှ သိလိုက်ရတဲ့ အတွေးသစ်တစ်ခုက ဓားတစ်ချောင်းလို အပိုင်းပိုင်းဖြတ်တောက်နေခဲ့သည်။

ချောင်းထယ်ရင်းဆိုတဲ့ လူရှေ့မှာ ဟယ်အာက အမြဲတမ်း နှေးကွေးသူတစ်ယောက်လို ဖြစ်နေခဲ့သည်။ သူ့နောက်ကို မှီပြီလို့ ထင်လိုက်တာနဲ့ ဆယ်လှမ်းလောက် ဝေးသွားပြီး၊ ပြန်မီလိုက်ပြီလို့ ထင်လိုက်တာနဲ့ အလှမ်းနှစ်ဆယ်ဝေးသွားသည်။ အဲဒီလိုနဲ့ ၆ နှစ်လုံး သူ့ရဲ့ကျောပြင်ကိုပဲ ငေးကြည့်ရင်း လိုက်ခဲ့ရသည်။ ဒါတောင် ဟယ်အာ အသိတရားမဝင်ခဲ့ဘူး။

beta တစ်ယောက်နဲ့ လက်ထပ်လိုက်ရတယ်ဆိုတာ သိသွားပြီး သူ့ရဲ့ခံစားချက် ဘယ်လိုနေမလဲဆိုတာ လုံးဝ မမှန်းဆနိုင်ခဲ့ဘူး... အဲ့ ကြေကွဲဖွယ် ခံစားချက်ကို အခုမှ ဟယ်အာလည်း နားလည်လိုက်ရသည်။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now