အပိုင်း (၁) <အတွဲ ၁>

12.8K 1K 18
                                        

Prologue

[Unicode]

ခင်ဗျားအတွက်ကတော့ ကျွန်တော့်ကိုကြည့်ရတာ စိမ်းနေမှာဆိုပေမယ့် ကျွန်တော်ကတော့ ခင်ဗျားရဲ့ အရာအားလုံးကို သိနေပါတယ်။

ခင်ဗျား ကျွန်တော့်ကို ချစ်သလား ဒါမှမဟုတ် သေလောက်အောင် မုန်းတီးနေသလား၊ နာမည်ကရော ဘယ်လိုခေါ်သလဲ၊ မိသားစု အခြေအနေကရော ဘယ်လိုရှိသလဲ၊ ခွေးလေးတွေကို ချစ်တတ်သလား ဒါမှမဟုတ်လဲ ကြောင်လေးတွေကို ချစ်တတ်တာလား၊ ဘယ် တက္ကသိုလ်ကနေ ဘွဲ့ရတာလဲ၊ မေဂျာကရော ဘာယူထားတာလဲကစလို့ ဘယ်အစားအစာနဲ့ အလက်ဂျစ်ရှိပြီး မြေပဲနဲ့ ဂတ်စ်ပါတဲ့ အအေး သောက်ရတာ ကြိုက်တတ်တာထိအဆုံး အသေးအမွှားအချက်တွေအထိ သိထားပါတယ်။ တကယ်ကို ခင်ဗျားအကြောင်းဆိုလို့ ကျွန်တော် မသိတာ မရှိပါဘူး။

ဒီနေ့ ဥယျာဉ်ပါတီပွဲကို တက်ရောက်လာကြတဲ့ ခင်ဗျားရယ်၊ ခင်ဗျားရဲ့ အချက်အလက်မှန်သမျှကို စုံစမ်းထားတာမို့ ကျွန်တော်ကတော့ ပြီးပြည့်စုံတဲ့ ပွဲစီစဉ်သူ တစ်ယောက်။ တက်ရောက်လာတဲ့ ဧည့်သည်တွေ အကြိုက်တွေ့စေဖို့က အလွယ်လေးပေါ့။

ဒီလိုမျိုး ရူးရူးနှမ်းနှမ်းနဲ​့ ခွေးစကားတွေ ထုတ်ပြောဖို့ထက် ..

"ဟားဟား.. မဟုတ်တာဗျာ။ ချီးကျူးလွန်နေပြန်ပါပြီ.. အစားအသောက်တွေ ခံတွင်းတွေ့တယ်ဆိုလို့ တော်ပါသေးတယ်"

အခုမှ ပထမဆုံး ပွဲ စ စီစဉ်ဖူးသလို လေသံလေးနဲ့ ရှက်ကိုးရှက်ကန်း လုပ်ပြလိုက်တာကမှ အဆတစ်ရာ သာသေးပါသည်။ ဒီလိုပုံစံကမှ လူတွေ မျှော်ကိုးထားကြတဲ့ ဂန်ဟယ်အာဆိုတဲ့ အိုမယ်ဂါလေးအတွက် ပို လိုက်ဖက်တာကြောင့်ပင်ဖြစ်သည်။

အစ်မအကြီးဆုံး ပြောပုံအရ ကြက်သီးထစရာကောင်းလောက်အောင် အမေနဲ့ တစ်ပုံစံတည်းတူတယ်ဆိုတဲ့ အပြုံးကို မျက်နှာထက် ချိတ်ရင်း ဂန်ဟယ်အာသည် သူ့ကို သဘောကျကြသည်​့ ဧည့်သည်တွေရဲ့ အလယ်ဗဟိုတွင် ရပ်နေသည်။ ခေါင်းထဲမှာတော့ 007 ရုပ်ရှင်ထဲကလို ကြည့်ပောင်းတဲ့မျက်မှန်တစ်လက်တပ်ရင်း ဝင်လာသမျှ ဧည့်သည်တွေရဲ့ အချက်အလက်တွေကို စဉ်းစားနေသည်။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now