ဆေးရုံခန်းရှေ့ ကော်ရစ်တာလမ်းက တိတ်ဆိတ်နေသည်မှာ အရေးပေါ်ခန်းနဲ့တောင်မတူ။ ထယ်ရင်းလည်း တော်တော်လေးကို ပင်ပန်းနေတာကြောင့် မသိလျှင် ဒီတိတ်ဆိတ်မှုလေးက သူ့ကို နှစ်သိမ့်ပေးနေတယ်လို့ထင်မိသည်။ ရှည်လျားလှတဲ့ တစ်နေ့တာရဲ့ အဆုံးမှာ ဟယ်အာ့ကို တွေ့ရတော့မယ်ဆိုတဲ့အတွေးကြောင့် ထယ်ရင်းရဲ့ စိတ်လည်း လေထုထဲမှာ လေယာဉ်မတည်မငြိမ်ဖြစ်တဲ့ဧရိယာထဲ ဝင်လာသည်။
သို့သော် ဟယ်အာ့ကို မမြင်ရခင် သူ့အခန်းရှေ့မှာ ရပ်နေတဲ့ တခြားတစ်ယောက်ကို မြင်လိုက်ရသည်။
'ဘယ်သူလဲ။ ဘယ်ကကောင်က ဒီအချိန်ကြီးမှာ...'
မျက်နှာပြောင်ပြောင်နဲ့ ပြောချင်ရာပြောသွားတဲ့ အင်ဂွန်းကြောင့် စိတ်က ပုံမှန်ထက်ကို ပိုညစ်နေတာဖြစ်သည်။ အခု ပတ်ဝန်းကျင်က အရာအားလုံးသည် ဖိတ်မဖိတ်ခေါ်ဘဲ ရောက်လာသည့် ဧည့်သည်များကဲ့သို့ ခံစားရတာကြောင့် မျက်မှောင်ကြုတ်လိုက်သည်။
" ဟေ့ရောင် ချောင်းထယ်ရင်း...!! မင်း သွေးတွေက ဘာတွေလဲ?"
ရပ်နေတဲ့သူ ဘယ်သူလဲဆိုတာကို သိလိုက်ရတော့မှ ကိုယ့်ဟာကိုယ် ထည့်ထားတဲ့ အားတွေ ပြန်လျှော့လိုက်သည်။
"ဒီကို ဘာလာလုပ်နေတာလဲ မင်းက?"
အံ့ဩသွားတာကို မဖုံးနိုင်မဖိနိုင်တော့ ရှီအွန်းချောရဲ့ မျက်နှာလည်း ထယ်ရင်းလိုပင် ရှုံ့မဲ့သွားသည်။ အလွန်ဒေါသထွက်နေသော မျက်နှာထားဖြင့် ထယ်ရင်းရဲ့ လက်မောင်းကို ဆုပ်ကိုင်ပြီး ဟယ်အာ့ဆေးရုံအခန်းနှင့် ဝေးရာ ကော်ရစ်တာလမ်းအဆုံးထိ ဆွဲခေါ်သွားသည်။
စကားတစ်ခွန်းမှ မပြောဘဲ ရှီအွန်းချော ဆွဲရာနောက်သို့ လိုက်သွားခဲ့သည်။ ထယ်ရင်းတောင် မခိုင်းလိုက်ဘဲနဲ့ ဟယ်အာကို တကူးတက လာစစ်ဆေးတဲ့ ဒီကောင်က သံသယဖြစ်စရာ ကောင်းနေသောကြောင့် ဖြစ်သည်။
ခဏအကြာ ရောက်သွားတာက အရေးပေါ်ထွက်ပေါက်တံခါးရှေ့ဖြစ်သည်။ လူသွားလူလာမရှိသော ကော်ရစ်တာလမ်းထောင့်မှာ ထယ်ရင်းကို တွန်းထည့်လိုက်ပြီး အွန်းချောက ထယ်ရင်းကို အပြစ်တင်တော့သည်။
YOU ARE READING
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
RomanceTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
