[Unicode]
" ဘာ.. ဘာတွေလဲ"
အူကြောင်ကြောင်နဲ့ စောစောက မေးပြီးသားဆိုတာတောင် မေ့သွားသည်။ ထယ်ရင်းက ပခုံးကျယ်ကြီးကို ပေါ့ပေါ့လေး တစ်ချက်ပင့်သည်။
"ကြမ်းပြင်ပေါ် ခင်းဖို့ ကော်ဇောလေ"
အဲ့တော့မှ သူရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ ပစ္စည်းအပြားလိုက်ကြီးကို သတိထားမိသည်။ ဟင်းချက်တဲ့ ယောက်မလိုလို ပစ္စည်းမှာ အဖြူရောင် ကော်တွေပေနေသည်။
"မဟုတ်.. ခုထိ အိမ်မှာပဲရှိသေးတာလား။ အလုပ်သွားပြီ မှတ်နေတာ"
"ဒီနေ့ စနေနေ့လေ"
" အာ့ဆိုလည်း.. နားရက်ဟာကို ဘာလို့ ဒါတွေလုပ်နေတာလဲ.. နားတာမဟုတ်ဘူး"
ပြန့်ကျဲနေတဲ့ ကော်ဇောအစတွေကို မနင်းမိစေဖို့ ကြိုးစားရင်း လှေကားတစ်ထစ်ချင်းစီ ဆင်းသွားလိုက်သည်။ လှေကားလက်ရန်းကို ကိုင်ထိန်းပြီး ဆင်းလာတဲ့ ဟယ်အာ့ရဲ့ လက်ကို ထယ်ရင်းက ဝေ့ကြည့်သည်။
အင်းပေါ့လေ.. ထယ်ရင်းရှီက အရင်ကတည်းက အိမ်ကို သူစိမ်းဝင်တာ ကြိုက်မှမကြိုက်တာ။ ရေချိုးခန်းထဲက မီးလုံးကျွမ်းလို့ အသစ်လဲတာတောင် လူခေါ်လုပ်ရတဲ့ ဟယ်အာနဲ့တော့ တခြားစီပေါ့။ အိမ်ထဲမှာရှိတဲ့ အရာအားလုံးကို ကိုယ်တိုင် လက်နဲ့ထိပြီး ပြင်ဆင်ရမှ ကျေနပ်တတ်တဲ့ ထယ်ရင်းရဲ့ အကျင့်အရဆို ဒီ အိမ်အကြီးကြီးက သိပ် အဆင်မပြေ။
မရင့်ကျက်သေးချိန်တုန်းက ဟယ်အာက ထယ်ရင်းအတွက် အိမ်လေး တစ်လုံး လက်ဆောင်ပေးချင်ခဲ့သည်။ သူတို့နှစ်ယောက်တည်းရဲ့ အိမ်လေးတစ်လုံးပေါ့။ အခန်း၅ခန်းလောက်ပဲ ပါတဲ့ အိမ်သေးသေးလေးဆီ ပြောင်းမလားလို့ တွေးကြည့်ခဲ့ဖူးပါသည်။ ဥက္ကဋ္ဌ ဂန်ဂျွန်းအီ လက်ဖွဲ့ထားတဲ့ အိမ်ကြီးမို့လို့ အားနာတာနဲ့ အိမ်မပြောင်းဖြစ်လိုက်ပေမယ့်ပေါ့လေ။ .. အိမ်မပြောင်းရတော့ အိမ်အကူ အို့ခဲရှီကိုလည်း အလုပ်ဖြုတ်ပြီး အိမ်ကို အဝင်အထွက်လုပ်တဲ့ ဝန်ထမ်းတွေအထိပါ အကုန် စိစစ်ကြည့်ခဲ့ပေမယ့်လည်း ကောင်းမလာခဲ့ပါ။ ဟယ်အာကိုယ်တိုင်ကိုက ထယ်ရင်းအတွက် မျက်စိနောက်စရာ ဖြစ်နေတာမို့လေ။
YOU ARE READING
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
RomanceTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
