အပိုင်း (၆၂)

1.4K 188 11
                                        

ဆက်တိုက် မနားဘဲ ကားမောင်းလာတာကို ရပ်ပြီး ထယ်ရင်းက ကမ်းစပ်က ကားပါကင်မှာ ကားထိုးလိုက်သည်။ ပျောက်သွားတာ ဘယ်လောက်မှ မကြာသေးဘူးဆိုတော့ သေချာပေါက် ကမ်းနားမှာပဲ ရှိမှာပါဆိုပြီး သူ့ကို နှစ်တောင် နှစ်သိမ့်ပေးသေးသည်။ 'ဘယ်တုန်းကပျောက်သွားတာလဲ' ဆိုတဲ့ မေးခွန်းကို 'ဆောင်းရာသီတုန်းက' လို့ ဖြေလိုက်မိတဲ့ ဟယ်အာလဲ မှားပါသည်။

' အခု ဒီမှာရော ရှိပါ့မလား.. ဘယ်လိုနေနေလဲတောင် မသိတဲ့ဟာ...'

လက်ပိုက်ပြီး ကားထဲကထွက်ဖို့ လုပ်လိုက်သည်။

"ဘယ်သွားမလို့လဲ"

ထယ်ရင်းက ရုတ်တရက် ဖမ်းဆွဲလိုက်ပြီးနောက် ဆွဲမိတဲ့ သူ့အပြုအမူမှာ သူ လန့်သွားပြီး ဟယ်အာ့ကို လွှတ်ပေးလိုက်သည်။ တမင် ဟယ်အာ့ ထိုင်ခုံကို ဖမ်းကိုင်ထားတဲ့ လက်ကို ဖြည်းဖြည်းလေး ပုတ်လိုက်သည်။ စိတ်မပူပါနဲ့ဆိုတဲ့ အဓိပ္ပာယ်ပင်​။

"ခဏ လေညှင်းခံချင်လို့.."

ကားပေါ်က ဆင်းလိုက်တာနဲ့တပြိုင်နက် နဖူးကို လေအေးတွေ လာရိုက်သည်။ ကမ်းစပ်ရှေ့ ကျောက်စရစ်ခင်းထားတဲ့ လမ်းရဲ့ အထိအတွေ့က ခြေဖဝါးတွေကို ယားယံစေသည်။ အဆုတ်ထဲအထိ အပြည့် ဖြည့်ပေးတဲ့ မနက်အရုဏ်တက် လေထုက တကယ်ကို လက်တွေ့ဆန်ပါသည်။

ခြေဖဝါးကို ရှပ်တိုက်ပြီး နှစ်လှမ်းသုံးလှမ်းလောက် လျှောက်ပြီး ဆိပ်ကမ်းအဝမှာ စိုက်ထားတဲ့ ကျောက်တိုင် အနိမ့်လေးမှာ ထိုင်လိုက်သည်။ ပင်လယ်နံ့သင်းနေတဲ့ လေထုကို အခါခါ ပြင်းထန်စွာ ရှူလိုက်သည်။

' အဲ့တုန်းက ဆရာဝန် ဘာပြောခဲ့တာပါလိမ့်.. သွားအခြေအနေမကောင်းလို့ ခွေးက အသက်ကြီးလား ငယ်လားဆိုတာ မသိနိုင်ဘူးဆိုလားပဲ။ ဒါဆို ခွေးပေါက်လေး အခု ဘယ်နှနှစ်ရှိပြီလဲ.. ငယ်ငယ်လေး ဖြစ်ချင်ဖြစ် မဟုတ်လဲ သခင်ဆီက အစွန့်ပစ်မခံရသေးလောက်ဘူး'

ဘယ်လောက်ပဲ ကျဉ်းတဲ့ ကျွန်းလေး ဖြစ်နေပါစေ၊ နောက် ၆နှစ်ကြာမှ တွေ့ရမယ့် ခွေးကို တစ်နေရာတည်းမှာ ပြန်ရှာတွေ့ဖို့ဆိုတာ အရမ်းကို ရှားသည်။

'ရှာလို့မရဘူး.. ရှာလို့တွေ့မှာလဲ မဟုတ်ဘူး'

လက်လျှော့ပြီးတာတောင်မှ ဟယ်အာ့ ခြေထောက်တွေက နေရာကနေ မရွေ့ခဲ့ပေ။ ဒီအတိုင်းကြီး ပြန်သွားဖို့ကို နှမြောစိတ်ကြီးနေလို့ဖြစ်သည်။ hoodie ထဲ လက်နှစ်ဖက် အတင်း ထိုးထည့်ရင်း ခေါင်းမော့လိုက်တော့ နက်ပြာရောင် ပင်လယ်ကို မြင်ရသည်။ နေလည်း ဖြည်းဖြည်းချင်း ထွက်နေပြီဖြစ်သည်။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Место, где живут истории. Откройте их для себя