အချိန်အတော်ကြာ သေလောက်အောင်ကို စဉ်းစားပူပန်ခဲ့ရတဲ့ ပြဿနာတစ်ခုဖြစ်သည်။ ချောင်းထယ်ရင်းရဲ့ ဖြောင့်မတ်တဲ့ဘဝထဲကို ကံဆိုးခြင်းအစေ့ကို ဘယ်သူက စိုက်ထည့်ခဲ့တာလဲ... အဲ့တာ ဂန်အီဟယ်လား၊ မဟုတ်ရင် တခြား ဘယ်သူဖြစ်နိုင်လဲ။ ရန်သူ ဘယ်သူလဲဆိုတာ သိထားမှ ထယ်ရင်းအတွက် ဒိုင်းကာတစ်ခု ဖြစ်ပေးနိုင်မှာဖြစ်သည်။ ဟယ်အာ့ ဗိုက်လောက်ကတော့ ဖိနပ်နဲ့ ကန်တာမပြောနဲ့.. လှံနဲ့ ထိုးရင်တောင် ကိစ္စမရှိခဲ့ပါ။
"ကျွန်တော်မေးတာ ဖြေ..."
နာကျင်သံစွက်လျက်နဲ့ မေးလိုက်သည်။
"အစ်ကိုကြီးလား... ကျွန်တော့်ပြပွဲ။ လွှတ်တော်အမတ်တွေကို စုစည်းတာ... ပြီးတော့ စုံစမ်းစစ်ဆေးရေးမှူးချုပ် ချောင်းဟီဂျွန်းကို ဒီထဲ ပတ်သက်အောင်လုပ်ဖို့ မီဒီယာတွေကို သတင်းမှားတွေ ဖြန့်တာ..."
ဂန်အီဟယ်ရဲ့ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းသွားသည်။ ဒေါသပဲရှိနေတဲ့ မျက်နှာမှာ မမှည့်သေးတဲ့ စိတ်ခံစားမှုတွေ ပေါ်လာသည်။
"အသံလျှော့ပြော.. ဂန်ဟယ်အာ။ သေချင်လို့လား"
ခြိမ်းခြောက်မှုက အရင်ရောက်လာသည်။ စိတ်ထဲမှာ မရေမရာ ဝဲနေတဲ့ မြားက အသက်တစ်ရှိုက်မှာ ထက်မြက်လာသည်။ ဟယ်အာ ခေါင်းမော့လိုက်ပြီး..
"အဖေ မဟုတ်ဘူး... အစ်ကိုကြီးမလား"
"ဘ-ဘာ... ပေါက်ကရတွေ ပြောနေတာလဲ။ သက်သေရှိလား။ စောက်ကောင်.. ငါ မလုပ်တဲ့ကိစ္စကို..."
"မှန်နေတာပဲ အစ်ကိုကြီး.. အစ်ကိုကြီး လုပ်တာ.. ဟုတ်တယ်မလား"
"အသံလျှော့ပြောလို့ ပြောနေတယ်လေ!"
ဂန်အီဟယ်က ရုတ်တရက် ထရပ်ပြီး တွေ့ရာပစ္စည်းကို ဆွဲကိုင်လိုက်သည်။ မီးလုံးတွေ ချိတ်တဲ့ တိုင်တစ်ခုက သူ့လက်ထဲမှာ တုတ်ရှည်ကြီးလို အကိုင်ခံထားရသည်။ ရိုက်ဖို့ပစ္စည်းကို ရှာတွေ့တာနဲ့ ချက်ချင်းပဲ ဟယ်အာ့ ပခုံးကို 'အုန်း' ခနဲ အသံထွက်အောင် ရိုက်ချလိုက်ပြီး မတ်မတ်ထိုင်နေတဲ့ ဟယ်အာ့ ကိုယ်အပေါ်ပိုင်းက မှောက်လဲကျသွားသည်။
YOU ARE READING
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
RomanceTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
