"တကယ်ကို ပါရမီရှင်ပဲဗျာ ဆရာက"
ချက်ချင်းပဲ ဆရာအင်က စချီးကျူးတော့တာကြောင့် ဟယ်အာ နည်းနည်းတောင် ရှက်သွားသည်။ ပန်းချီဆရာ ဂန်ဟယ်အာက ပါရမီ မပါဘူးဆိုတာ ဆရာအင်မှ မသိဘဲလေ။
ဘွဲ့လွန်တက်တုန်းက လုပ်ခဲ့တဲ့ ဘွဲ့ယူလက်ရာမွန် ကားချပ်နဲ့ ချက်ချင်း နာမည်ကြီးသွားတဲ့အချိန်ကစပြီး ဟယ်အာက အမြဲတမ်းဆိုသလို စိတ်ဓာတ်ကျမှုတွေနဲ့ ရင်ဆိုင်ခဲ့ရသည်။ ဆရာရယ် လုပ်ပါဦးလို့ အော်ရင်း မနက် ၄ နာရီမှာ ဖုန်းဆက်ပြီး ငိုဖို့က အခြေခံပဲ။ ပန်းချီရေးတဲ့အချိန်ထက် ဆေးလိပ်သောက်တဲ့အချိန်က များပြီး အဲ့ထက် ပိုဆိုးတာက မူးနေတဲ့အချိန်တွေဖြစ်သည်။
'အဲ့လိုဆိုမှတော့ ကင်ဆာ မဖြစ်ဘဲ နေတော့မလား'
စိတ်ထဲကနေ အတိတ်ကနဲ့ အနာဂတ်က ဂန်ဟယ်အာကို လှောင်ပြောင်နေတုန်း ဆရာအင်ရဲ့ မျက်နှာက တည်လာသည်။ မျက်မှန်ကို ပင့်တင်ရင်း မျက်မှောင်ကြုတ်ထားတဲ့ သူ့ မျက်နှာက မသင်္ကာစရာ။
စိတ်အလိုလိုက်ပြီး ရုတ်တရက်ကြီး ဆရာအင့်ကို ခေါ်လိုက်တဲ့ကိစ္စကို နောင်တရတာတော့ မဟုတ်ပေမယ့် ဟယ်အာ နည်းနည်းတော့ စိတ်လှုပ်ရှားခဲ့သည်။
'မဟုတ်မှလွဲရော.. တစ်ခုခု ရိပ်မိသွားတာများလား'
တခြားသူတွေ ရွှဲ့ပြောတဲ့ စကားလုံးတွေ ငှားပြောရမယ်ဆိုရင် "ဂန်ဟယ်အာဆိုတာ အင်ဂွန်း မွေးထားတဲ့ ပန်းချီဆရာ" ဖြစ်သည်။ အဲဒီ့ ခါးသီးတဲ့ စကားတွေကို ဟယ်အာ ချိုချိုမြိန်မြိန်ပဲ မျိုချခဲ့သည်။ ဘာလို့ဆို အမှန်တွေမို့လို့။ ဆရာအင်က ဟယ်အာအတွက် ပါတနာလဲ ဖြစ်သလို producer ဆိုလဲ ဟုတ်သည်။ ဘယ် ပန်းချီကားတွေကို အဓိကနေရာမှာ ချိတ်မလဲ၊ ဘယ် ကားချပ်တွေကိုကျ နံရံနဲ့ ကာပြီး ချိတ်ရမလဲဆိုတာကို အကုန် သူ ဆုံးဖြတ်ပေးတာဖြစ်သည်။
အခု ၂ပတ်,၃ပတ်တည်း အချိန်ယူပြီး ရေးထားတဲ့ ပန်းချီတွေလဲ အရင်တုန်းကဆို ဆရာအင်ရဲ့ အကြံဉာဏ် အခေါက်ခေါက် ယူပြီးမှ အပြီးသတ်ခဲ့ရတဲ့ ကားချပ်တွေဖြစ်သည်။
"တစ်ယောက်တည်း ဘယ်လိုများ အပြီးသတ်ခဲ့တာလဲ..."
ဆရာအင်က တီးတိုးပြောရင်း မျက်လုံးအောက်ကို ပွတ်သပ်သည်။
YOU ARE READING
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
RomanceTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
