အပိုင်း (၈၇)

1.2K 157 9
                                        

မျက်လုံးတွေ ဖွင့်လိုက်တော့ တစ်ကိုယ်လုံး ပူနေပြီး ရင်ဘတ်ပေါ်တွင် လေးလံနေသည်။ အိပ်ခန်းနံရံမှာလည်း ညနက်ရဲ့ မှောင်မိုက်မှုက တွယ်ကပ်နေသည်။ ဘေးစားပွဲပေါ်တင်ထားတဲ့ မီးအိမ်လေးရဲ့ အလင်းရောင်က အခန်းထဲမှာ မြူခိုးလို တဝဲဝဲလည်နေသည်။ ရင်ဘတ်ပေါ်မှာ ကျောက်တုံးတစ်ခုခု တင်ထားတာလားလို့ အောက်ကို ကြည့်လိုက်တော့ စောင်သုံးထည် လေးထည်လောက် အထပ်လိုက် အုပ်ထားတာ ဖြစ်နေသည်။

"ဟစ်... အင်း..."

နှုတ်ခမ်းကြားကနေ ညည်းသံအချို့သာ ထွက်လာခဲ့သည်။

အိပ်ရာပေါ်ကနေ ထချင်ပေမယ့် ခန္ဓာကိုယ်က အလိုမလိုက်ခဲ့ပေ။ ပင်ပန်းနွမ်းနယ်မှုက မသိလျှင် ဘီလူးစီးနေသလို ကိုယ်ကို ဖိနှိပ်ထားပြီး ခါးအောက်ပိုင်းက ချွေးတွေထွက်နေတာကြောင့် တင်ပါးထဲအထိပါ စိုစွတ်နေသည်။ တုပ်ကွေးများ မိသလားလို့ တွေးလိုက်မိသေးသည်။

မျက်လုံးကို အတင်းအကျပ် ဝေ့ကြည့်လိုက်တော့ အမှောင်ထဲမှာ ထယ်ရင်းထိုင်နေတာကို တွေ့လိုက်ရသည်။ အိပ်ရာကနေ ငါးလှမ်းအကွာလောက်က ထိုင်ခုံမှာ သူက ကိုယ်ကို ငုံ့ပြီး လက်နှစ်ဖက်ကို ဒူးပေါ်ထောက်ထားသည်။ အမှောင်ရိပ်ကြောင့် ဟယ်အာ သူ့ မျက်နှာကို သေချာ မမြင်ရပေ။

"တောင်းပန်ပါတယ်... ကျွန်တော် ကားထဲမှာ အိပ်ပျော်သွားတာထင်တယ်။ ထယ်ရင်းရှီ ကျွန်တော့်ကို... ရွှေ့ပေးခဲ့တာလား"

ထစ်ထစ်ငေါ့ငေါ့နဲ့ နှေးကွေးစွာ ပြောလိုက်သည်။ ဟယ်အာ မနည်း ကြိုးစားပြီး ပြောလိုက်တဲ့စကားကို စိတ်မကောင်းစရာပဲ ထယ်ရင်းက ပြန်မဖြေဘူး။

ထယ်ရင်း မဟုတ်ဘူးလားလို့ မျက်လုံးကို မှေးပြီး သေသေချာချာ ကြည့်ဖို့ လုပ်လိုက်တော့ တစ်နေရာမှာ ထူးဆန်းနေသည်။ ထူးဆန်းနေတာက ထယ်ရင်း မဟုတ်ဘူး... ဟယ်အာ ဖြစ်နေတာ။

အရေပြားအောက်မှာ ပျံ့နှံ့နေတဲ့ အပူလှိုင်းက တုပ်ကွေးကြောင့် ဖျားတဲ့ အပူနဲ့ မတူဘူးဆိုတာ အဲ့အခါမှ သိလိုက်ရသည်။ နေမကောင်းဖြစ်လို့လို့ ပူတာထက် စိတ်လှုပ်ရှားလို့ ပူတာဖြစ်သည်။ ခါးတစ်ဝိုက်မှာ စိုရွှဲနေတာက ချွေးတွေ ဟုတ်ပေမယ့် အတွင်းခံထဲမှာ စိုနေတာကတော့ ဟယ်အာ ပြီးထားတာတွေလား precum တွေလား မသဲကွဲပါ။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now