အပိုင်း (၈၉)

1.2K 172 10
                                        


'ဘယ်လိုပဲနေနေလေ လူတစ်ယောက်အပေါ် ဘယ်လိုလုပ်ပြီး ကာမစိတ် ထနေတယ်.. မိတ်လိုက်ချင်နေတယ်လို့ ပြောရက်ရတာလဲ'

ဒီလိုမျိုး တွေးခဲ့ဖူးတဲ့အချိန်တွေ ဟယ်အာ့ဆီမှာလည်း ရှိခဲ့ဖူးပါသည်။ ဒါပေမယ့် အခုတော့ ပျောက်သွားပါပြီ...။

ဖောင်းအစ်ပြီး နီမြန်းနေတဲ့ မျက်လုံးတွေကို တစ်ဝက်ဖွင့်ထားရင်း ကုတင်ပေါ်မှာပဲ လှဲနေတုန်း ဟိုးအရင်တုန်းက အကြောင်းတွေ ပြန်သတိရမိသည်။ 'Alpha' ဖြစ်ဖြစ် 'Omega' ဖြစ်ဖြစ် နောက်ဆုံးတော့ လူသားပဲလေ။ ဆိုရှယ်ကျနိုင်တဲ့ သတ္တဝါဖြစ်တဲ့ လူကို 'မိတ်လိုက်ချင်နေတာ' ဆိုတဲ့ စကားလုံးနဲ့ တွဲပြီး သုံးတာက အရမ်းရိုင်းစိုင်းရာ မရောက်ဘူးလားလို့.. ဆေးလိပ် ပါးစပ်မှာတေ့ပြီး 'ဟား တကယ်ပဲ'ဆိုပြီး လှောင်ခဲ့တဲ့ အသက်၂၀အရွယ် ဂန်ဟယ်အာကို..

'မင်းက ဘာသိလို့လဲ?'

တင်ပါးကြားက ရောင်ရမ်းနေပြီဖြစ်တဲ့ နေရာကို ခံစားမိပြီး တစ်ကိုယ်လုံးက ကိုယ့်ဟာရော ဟုတ်ရဲ့လား မသဲကွဲတဲ့ ထယ်ရင်းဆီက အရည်တွေပါ ပေပွနေရင်း ငိုင်တိုင်တိုင် ဖြစ်နေတော့ ဒေါသထွက်လာသည်။

'မင်းက ဘာသိလို့လဲ သောက်ကောင်ရဲ့! ဟမ်?'

အပြစ်မရှိတဲ့ ကိုယ့်အတိတ်က ကိုယ့်ကိုယ်ကို မုန်းနေရုံကလွဲပြီး ဘာမှ လုပ်စရာမရှိ။ ရင်ထဲ ပူလောင်ပြီး အရေပြားတွေ တဆစ်ဆစ် ကျဉ်နေတဲ့ကြားထဲမှ ခုထိတောင် တစ်ဝက်တစ်ပျက် ထောင်မတ်နေသေးတဲ့ အရာကြောင့် ဒေါသက နှစ်ဆတိုးသွားသည်။

တရှူးရှူးနဲ့ အသက်ပြင်းပြင်း ရှူထုတ်လိုက်တော့ ရုတ်တရက် လက်မောင်းအောက်ကို လက်တစ်ဖက် ဝင်လာသည်။ ချက်ချင်း ခါးကို ဖိချုပ်ပြီး ဆွဲယူလိုက်တဲ့ ကြွက်သားတွေ တုတ်ခိုင်နေတဲ့ လက်မောင်းကြောင့် ပက်လက်ကလေးပဲ လျှောခနဲ ပါသွားသည်။ လက်မောင်းတွေဆီက ရတဲ့ အနွေးဓာတ်ကြောင့် စိတ်ထဲက နာကျင်မှုတွေ ဒေါသတွေက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

"ထယ်ရင်းရှီ..."

ဟယ်အာ အခု အသံတောင် ကောင်းကောင်းမထွက်နိုင်တော့ပါ။

"..ထပ် မလုပ်နိုင်တော့ဘူး"

တင်ပါးသားကို ထိုးဆွနေတဲ့အရာကို တွန်းထုတ်လိုက်သည်။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now