အပိုင်း (၅၂)

1.4K 162 3
                                        

"Alpha မွေးထားတဲ့ Tamagochi အကောင်လေး"

မာရသွန်ပြေးတဲ့သူတွေ လမ်း အလယ်မှာ တစ်ထောက် နားတဲ့အခါ ဒီလိုများ ခံစားရလေမလား။ အသက်ရှူမဝလောက်အောင် ပြေးလွှားလာခဲ့ရတဲ့ နေ့စဉ်ဘဝကြီးက ရုတ်တရက် ရပ်တန့်သွားသလိုပင်။ မနေ့ကနဲ့ ဒီနေ့ မတူတော့တာ ဘာလဲဆိုရင် ချောင်းထယ်ရင်း မရှိတော့တာလေး တစ်ခုဖြစ်သည်။ ဒီနေ့ည သူ အိမ်ပြန်မလာတော့ဘူးဆိုတာလေး တစ်ခုပဲ။ ဒါပေမဲ့ ဒါလေးတစ်ခုတည်းနဲ့တင် ဟယ်အာ့ရဲ့ တစ်နေ့တာလုံး လုံးဝပျက်ယွင်းသွားခဲ့သည်။

မနက်မိုးလင်းကတည်းက ကုတင်ဘေးမှာ လွတ်နေတဲ့နေရာကို ကြည့်ရင်း ရင်ထဲမှာ လှိုင်နေသလို ခံစားရသည်။ အသက်ရှူချောင်သွားသလို ရင်ဘတ်ကြီးပွင့်သွားတာ မဟုတ်ဘဲ နာကျင်ရပြီး ပူလောင်တဲ့ အပေါက်လေးတစ်ခု ဖြစ်သွားတာဖြစ်သည်။ ရင်ဘတ်ကို ကုတ်ခြစ်ရင်း ဟာတာတာခံစားချက်ကို ဖယ်ရှားဖို့ ကြိုးစားနေမိသည်။

တစ်ယောက်တည်း စွန့်ပစ်ခံခဲ့ရသလို ခံစားချက်ကို မောင်းထုတ်ပစ်မှကိုရမည်။ ဒီခံစားချက်ကြီး ပျောက်ဖို့ဆိုရင် တစ်ယောက်တည်း ဘာမဆို ကောင်းကောင်းလုပ်နိုင်ရမှာဖြစ်ပြီး ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ရမည်။ ဒါကြောင့် တစ်နေ့ကုန် Spa လုပ်သည်။ တစ်ခါမှ မသုံးဖြစ်တဲ့ ရေချိုးကန်ထဲဝင်ပြီး ချွေးထုတ်လိုက်တော့ နည်းနည်း အဆင်ပြေသွားသည်။

'ဟုတ်တယ်.. ဒီလိုလေးပဲ နေရအောင်'

ခေါင်းလျှော်ပြီး ဆံပင်မှုတ်နေတုန်း ဖုန်းကို စစ်ကြည့်လိုက်သည်။ နဂိုဆို noti တစ်ခုမှ ရှိမနေတတ်တဲ့ msg box မှာ ဒီနေ့တည်းတင် ဝင်ထားတဲ့ စာတွေ သုံးဆယ်ကျော် ရှိနေသည်။

အဖေ့ရဲ့ အတွင်းရေးမှူးဆီကနေ နေကောင်းရဲ့လား မေးထားတဲ့ စာတစ်စောင်လည်း ရောက်နေသည်။

'ဥက္ကဋ္ဌကြီးက တစ်ခုခု ဆူလိုက်တယ်နဲ့တူတယ်'

သတိရလို့ ဖုန်းဆက်သလိုမျိုး ဟန်ဆောင်ပြီး အဖေ့ဆီကို ဖုန်းဆက်လိုက်သည်။ အဖေ့အသံကို ကြားရတိုင်း လည်ချောင်းထဲကနေ 'ဘာလို့ ကျွန်တော့်အပေါ် ဒီလိုလုပ်ခဲ့တာလဲ' ဆိုတဲ့ စကားလုံးတွေ တိုးထွက်လာတတ်သည်။ ဒါပေမဲ့ ကုသလို့မရတဲ့ ဒဏ်ရာတွေအကြောင်း ပြောဆိုနေတာလောက် အဓိပ္ပာယ်မရှိတဲ့ ကိစ္စလည်း မရှိဘူး။ စကားနားထောင်ပြီး လိမ္မယတဲ့သားတစ်ယောက်လို ဟန်ဆောင်တာက ပိုပြီး စိတ်သက်သာရာရသည်။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Место, где живут истории. Откройте их для себя