အပိုင်း (၄၁)

1.8K 221 28
                                        

ဂန်ဟယ်အာကပဲ ထူးဆန်းနေတာလား သူကပဲ ထူးဆန်းနေတာလားဆိုတာ သိပ်မသေချာဖြစ်နေခဲ့တာ ခုကျမှ သေသေချာချာ ကောက်ချက်ချနိုင်တော့သည်။ ဂန်ဟယ်အာက တော်တော့်ကို ထူးဆန်းတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး သူနဲ့ လက်ထပ်လိုက်ပါပြီ။

ဟယ်အာနဲ့ သူ့ရဲ့ လက်ထပ်ပွဲဟာလဲ ရှိုးတစ်ခုအပြင်မပိုခဲ့ပါ။ နှစ်ဖက်လူကြီးတွေအပါအဝင် လူကုံထံမိသားစုတွေ၊ လုပ်ငန်းရှင်တွေ နိုင်ငံရေးလုပ်ကြတဲ့ အဖေ့ အသိမိတ်ဆွေတွေ ပြီးတော့ သတင်းထောက် ၁၀ယောက်လောက် ပွဲထဲ စုဝေးနေကြသည်။ သူတို့တွေကို တစ်ယောက်ချင်းစီ လိုက်တွေ့ပြီး နှုတ်ဆက်နေရတာနဲ့ ထယ်ရင်းလဲ အာရုံမရပါ။

အပြင်ပန်းကြည့်ရင်သာ ပြီးပြည့်စုံပြီး အတွင်းထဲမှာတော့ အသေအကြေ အာဏာပြနေကြတာဖြစ်တဲ့ မင်္ဂလာပွဲအလယ်မှာ ဂန်ဟယ်အာက ဝတ်ရုံဖြူဆင်ထားတဲ့ သတို့သားလေးဖြစ်သည်။ မျက်နှာပေါ် အလှဆင်ထားတဲ့ အပြုံးလေးက နာရီအတော်ကြာတာတောင် ပျက်ယွင်းသွားခြင်းမရှိပေ​။

'တကယ်ကို ဂန် မိသားစုဝင် ပီသပါပေတယ်'

ပြောလို့ပင် မဆုံးသေး ပွဲလယ်မှာ သစ္စာစကားဆိုနေတုန်းမှာတင် သတို့သားလေးက စတင် ပျက်ယွင်းလာသည်။

တသက်လုံး တစ်ယောက်ကိုတစ်ယောက် ကာကွယ်ပေးကြမည်လားဆိုတဲ့ စကားမှာ ပြိုင်တူ 'ဟုတ်ကဲ့'လို့ ဖြေတဲ့အထိ ကောင်းနေသေးသည်။ ဂရုတစိုက်နဲ့ အနမ်းပေးပြီးတဲ့အထိတောင် ပျော်နေပုံရသေးသည်။ သရုပ်ဆောင်နေတာလား တကယ်ကို ရင်ခုန်သွားတာလား စိတ်ထဲတောင် မသဲကွဲဖြစ်သွားရသည်။

ပြဿနာက ဘယ်မှာစသလဲဆိုရင် လက်ချိတ်ပြီး မင်္ဂလာခန်းမထဲ တူတူ လမ်းလျှောက်ချိန်ဖြစ်သည်။ ပန်းစည်းကို ကိုင်ထားပြီး သူက စက်ရုပ်တစ်ရုပ်လိုပဲ လှုပ်ရှားနေတာဖြစ်သည်။ ဟယ်အာ့ရဲ့ ညာဘက်လက်ကို ကိုင်ထားရင်း ကျန်လက်တစ်ဖက်နဲ့ ပန်းစည်းပစ်တော့ လက်တွေက အားတစ်စက်မှ ပါမနေ။

"ဟယ်အာရှီ"

ဟယ်အာ့ဘက်ကို နည်းနည်းလေး ခါးကိုင်းရင်း ခေါ်ကြည့်လိုက်တော့ သူက ဘာမှ ပြန်မပြောဘဲ ရယ်သာရယ်နေသည်။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Место, где живут истории. Откройте их для себя