အပိုင်း (၂၅)

4.5K 738 88
                                        

[Unicode]

"ဂုဏ်ပြုတဲ့အနေနဲ့ cheers လုပ်ရအောင်! Cheers!!"

ဂီဟျောင်း....က ဝိုင်ခွက်ကိုင်ပြီး လက်ကမ်းလာသည်။ အဲ မဟုတ်သေးပါဘူး.. တွေးကြည့်တော့ ဂီယောင်းကမှ တကယ့်နာမည် အမှန်လားမသိပါ။ ဘယ်မိဘက ကိုယ့်သားနာမည်ကို ဂီဟျောင်းလို့ မှည့်မှာတုန်း။

"အေး! cheers လုပ်ကြရအောင်"

ဒါပေမယ့်လည်း မသိနိုင်တာမို့ နာမည်မခေါ်ဖြစ်အောင် သတိထားနေနေရသည်။ ဝိုင်ခွက် ၅ခွက်က စားပွဲအလယ်မှာ 'ချလွင်'အသံမြည်ပြီး စုသွားပြီးနောက် တစ်ကျိုက်တည်း မော့လိုက်ကြသည်​။ ဒီလူတွေကြားထဲမှာ ဟယ်အာလည်း တစ်ခဏလောက် ၂၆နှစ်အရွယ် ပြန်ဖြစ်သွားသလိုပင်။

ပွစိပွစိနဲ့ စကားပြောမပြတ်တဲ့ ဂျွန်းအူရယ် , ဟယ်အာ့ဘေးကို အရမ်းကပ်နေတဲ့ အစ်မဟယ်ရင်းရယ် ကြားထဲမှာ သူလည်း အရက်မူးစပြုလာသည်​။ နားရွက်ဖျားတွေ နီရဲပြီး ပူကျစ်လာတဲ့အချိန် ဖုန်း မြည်လာသည်။

[ချောင်းထယ်ရင်း ရှီ]

ဖုန်းမျက်နှာပြင် အလယ်က နာမည်နဲ့,

[19:23]

အချိန်ကို ကြည့်လိုက်သည်။ ၇နာရီခွဲလောက်ဆိုရင် ပုံမှန်အတိုင်း ထယ်ရင်း ရုံးဆင်းလို့ အိမ်ပြန်ရောက်နေလောက်ပြီဖြစ်သည်။ အာ ဟုတ်သား.. ။ ညနေဘက် လုပ်စရာရှိတယ်ဆိုလို့ ညဆိုင်း ဆင်းမယ်လို့ပဲ တွေးထားခဲ့တာ။

ဖုန်းကိုင်ပြီး နေရာကထတော့ အစ်မဟယ်ရင်းက မူးနေတဲ့မျက်နှာနဲ့ 'ဘာဖြစ်လို့လဲ, ဘာလို့လဲ' လို့မေးလာသည်။

"ကျွန်တော် .. ဖုန်း ခဏလောက်.."

နေရာကနေ ထွက်လာပြီး ဆိုင်အပေါက်ဝအထိ သွားလိုက်သည်။ တံခါးကြားကနေ ဝင်လာတဲ့ လေအေး အတိုက်ခံရင်း ဖုန်းပေါ်က ခလုတ်စိမ်းလေးကို ထိလိုက်သည်။

"ထယ်ရင်းရှီ, တောင်းပန်ပါတယ်.. အိမ်ပြန်ရောက်နေပြီလား? အစောကြီးပြန်လာမယ်မှန်းမသိလို့..., ညစာရော စားပြီးပြီလား?"

ဖုန်းတစ်ဖက်ကနေ ထယ်ရင်းက ဘာမှပြန်မပြောဘဲ 'ထယ်ရင်းရှီ'လို့ နောက်တစ်ခေါက် ထပ်ခေါ်မှသာ ပြန်ဖြေလာသည်။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Donde viven las historias. Descúbrelo ahora