Beta တွေက Knotting နဲ့ Imprinting ဆိုတာ ဘာလဲ သေချာမသိပေမယ့် နှစ်ခုက မတူဘူးဆိုတာကိုတော့ သိထားကြသည်။ Knotting ဆိုတာ ခန္ဓာကိုယ်က လုပ်ဆောင်နိုင်ပြီး .. Imprinting ကတော့ ဘယ်လိုပြောရပါ့။ ပြောရမှာ နည်းနည်း ရှက်ဖို့လဲကောင်းပြီး ထင်ထားတာထက် ကဗျာဆန်ပါသည်။
လွယ်လွယ်ကူကူရှင်းရမယ်ဆိုရင် ဒီလိုမျိုးပေါ့။ Knotting ဆိုတာ တိရစ္ဆာန်တွေလည်း ပြုလုပ်ကြတဲ့ အပြုအမူဖြစ်ပြီး sexနဲ့ ဆက်နွယ်နေသည်။ sex ပြုနေရင်း Alpha က သူ့ရဲ့ ပစ္စည်းကို ဖောင်းလာအောင် ပြုလုပ်ပြီး omega ရဲ့ ခန္ဓာကိုယ်အတွင်းမှာ သူ့ရဲ့ pheromone အနံ့ကို ထိုးသွင်းခြင်းဖြစ်သည်။ omega က လိုချင်လို့ ပြုတာလဲ ဖြစ်မည်၊ မလိုချင်ဘဲလဲ ပြုနိုင်သည့် တဖက်သတ် အပြုအမူမျိုးဖြစ်သည်။
ဒါပေမယ့် imprintingကတော့ နည်းနည်း ကွဲပြားသည်။ Alpha ရော omega ရော နှစ်ယောက်စလုံးက လုပ်နိုင်ပြီး၊ တစ်ယောက်က အတင်းအဓမ္မ imprint လိုက်တောင် တစ်ဖက်လူက လက်ခံပြီး ပြန် imprint ပေးနိုင်တယ်ဆိုတဲ့ အာမခံချက်တော့ မရှိပါ။ ဒါကြောင့် တဖက်သတ် imprinting ဆိုတာတော့ အလွန်အကဲ တဖက်သတ် ချစ်နေခြင်းကို ဆိုလိုသည်။
ပဲရစ်မှာ တွဲခဲ့တဲ့ Alpha အစ်မ တစ်ယောက် ပြောပြခဲ့တဲ့ စကားတစ်ခွန်း။ နှင်းတွေကျနေလို့ Pont de Bir-Hakeim* တံတားအောက်မှာ ရှောင်ပုန်းရင်း ပြောခဲ့တာ။
'ဟယ်အာ.. မင်းနဲ့ တို့ ကြားထဲမှာ bonding မရှိဘူး'
ပြီးတာနဲ့ ဟယ်အာ့ကို လမ်းခွဲစကားပြောပြီး ထွက်သွားခဲ့သည်။
bonding တဲ့လား..။ အိုဗာလုပ်ပြီးပြောတယ်လို့ ထင်ရပေမယ့် အပြန်အလှန် imprinting လုပ်တာကို လှလှလေး ထုတ်ပိုးနိုင်ဖို့က ဒီစကားလုံးအပြင် တခြားမရှိခဲ့ပါလေ။ ပြီးပြည့်စုံတဲ့ ပါတနာကို ရှာဖို့ဆိုတာ ဆယ်ကျော်သက် Alpha, omega တွေအတွက် တာဝန်တစ်ခုလို့ပြောလို့ရသည်။ အင်း.. ဒါပေမယ့် တောင်ကိုရီးယားက လင်မယားတွေထဲမှာ ၁၂%လောက်ကပဲ knotting ရော imprinting ရော လုပ်ပြီးထားကြသည်။
အဲ့လိုမျိုး bonding ပြီးသွားကြရင် ဒရိုင်ဘာအိုလိုမျိုးဖြစ်သွားကြလိမ့်မည်။ ကိုယ့်ပါတနာကလွဲလို့ တခြား ဘယ်သူ့ရဲ့ pheromone မှာ ညှို့ယူမခံရတော့ပေ။ ကျေးဇူးကြောင့်, pheromone မထိန်းချုပ်နိုင်သေးတဲ့ ဟယ်အာ့ကို ကားနောက်ခန်းမှာ ထားပြီး သီချင်းလေးညည်းရင်း သကြားမုန်လာ ဖျော်ရည် ဖျော်တိုက်နိုင်ခြင်းပင်။
ВЫ ЧИТАЕТЕ
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
Любовные романыTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
