အိပ်မက်ထဲမှာ အစ်ကိုကြီးနဲ့ တွေ့ခဲ့သည်။
"မင်းသာ ကောင်းကောင်းမွန်မွန် မွေးဖွားလာခဲ့ရင် အမေ သေမှာမဟုတ်ဘူး"
နှစ်ယောက်လုံး အရပ်က ခြံထဲက ပန်းပင်တွေကို မကျော်သေးဘဲ.. ပါးဖောင်းလေးတွေ မကျသေးဘဲ ငယ်သွားတွေကတော့ ခဏခဏ ကျွတ်နေတဲ့ အချိန်ပေါ့။ ဘေးချင်းယှဉ်ရပ်ရင် လှလို့ မောင်နှမ လေးယောက် မဟုတ်ဘဲ ညီအစ်မလေးယောက်နဲ့တူတယ်လို့ ချီးကျူးခံရတဲ့ ငယ်ငယ်က အမှတ်ရစရာတွေထဲမှာ အစ်ကိုကြီးက တင်းနစ်ရက်ကက်ကို ကိုင်ထားပြီး ဟယ်အာ့ ပါးမှာတော့ ရက်ကက်ပိုက်ကွန်ပုံ အမာရွတ် ထင်ကျန်ခဲ့သည်။
အဲ့နေ့က အရိုက်ခံရတာကို တစ်သက်လုံး မမေ့နိုင်ခဲ့ပါ။ အိပ်မက်ထဲမှာ ပြန်အမှတ်ရတာတောင် နောက်ဆုံးပေါ် ရုပ်ရှင်လို ထင်ရှားနေသည်။ crayon တွေနဲ့ အမေ့ပုံပါတဲ့ မိသားစုပုံ ဆွဲခဲ့မိတဲ့အတွက် ငိုရင်း သေးပေါက်ချမိတဲ့အထိ အရိုက်ခံခဲ့ရသည်။
"ဝေါ့!! ညစ်ပတ်လိုက်တာ!"
ဒေါသတကြီး အော်ရင်း အစ်ကိုကြီးက ဟယ်အာ့ ကိုယ်ပေါ်ကို ရေဆေးပုံးကို မှောက်ချလိုက်သည်။
"ဆီးတောင် မထိန်းနိုင်ဘူးလား။ စောက်တုံးရဲ့! မင်းက ဒီလိုဖြစ်နေလို့ အမေ စွန့်ပစ်သွားတာ.. သိလား"
"မသိဘူး.. ကျွန်တော် ဘာမှ မသိဘူး..."
ငိုရင်း ပြန်ဖြေခဲ့ပေမယ့် အဲ့အရွယ်တုန်းက ဟယ်အာလည်း အကုန်သိခဲ့ပါသည်။ ဟယ်အာသာ အင်အားကြီး alpha အဖြစ် မွေးဖွားခဲ့မယ်ဆိုရင် အမေ အသက်ရှင်နေဦးမယ်ဆိုတာကို မသိတဲ့မိသားစုဝင် တစ်ယောက်မှ မရှိခဲ့ပေ။
အင်အားကြီးတွေချင်း လက်ထပ်ပြီး bonding လုပ်ပြီူသား ဆက်ဆံရေးမျိုးမှာတောင် မွေးဖို့ခက်တယ်ဆိုတဲ့ အင်အားကြီး alpha ကို honeymoon baby အဖြစ် မွေးခဲ့တဲ့ အမေပါ။ ဒါပေမယ့်လည်း အဖေ့ရဲ့ စံချိန်ကို ဘယ်တော့မှ မမီခဲ့ပါ။ ကလေးက သမီးလေးဖြစ်နေလို့ပင်။ အဲ့ဒါကြောင့်ပဲ မီးဖွားပြီးတာတောင် ဒုတိယကလေးကို ကိုယ်ဝန်ဆောင်ခဲ့ရသည်။ တိတ်တဆိတ် ကျား/မ စစ်ဆေးတော့ ဒီတစ်ခါတော့ သားလေးဖြစ်ခဲ့ပေမယ့် မွေးလာတော့ အင်အားနည်း alpha ဖြစ်နေခဲ့သည်။
YOU ARE READING
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
RomanceTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
