အပိုင်း (၆၆)

1.3K 185 6
                                        


'ဒါ ... ဒါကြီးက.. ငါ့အထဲ.. ဝင်.. ဝင်ဖူးတာလား'

ထယ်ရင်းရဲ့ အသက်ရှူသံပြင်းပြင်းကို နားစွင့်ရင်း ပါးစပ်ဟလိုက်သည်။ ရဲရဲတင်းတင်း စုပ်ချလိုက်ချင်ပေမယ့် တုံ့ဆိုင်းမှုက ခဏခဏကို နောက်ဆံတင်းအောင် လုပ်နေသည်။

ဒါပေမယ့် ဒွိဟတွေက အချိန်မကြာလိုက်ပါဘူး။

ဟယ်အာ့အကြောင်းကို ထယ်ရင်းသိထားတာထက်ကို ပိုပြီး ဟယ်အာက ထယ်ရင်းအကြောင်း သိသည်။ beta ဘဝတုန်းက ဂန်ဟယ်အာ ၆နှစ်တာလုံးလုံး သင်ယူခဲ့တာတွေက ချောင်းထယ်ရင်းအကြောင်း ဗဟုသုတတွေချည်းဆိုတော့ ဘာမှဆက်ရှင်းပြနေစရာမလိုတော့ပါ။ Rut circle တုန်းက ဟယ်အာ့ ခန္ဓာကိုယ်နဲ့ သူ့ကို စိတ်ပျော်အောင် မလုပ်ပေးနိုင်ခဲ့တုန်းကဆို ရှိသမျှ နည်းလမ်းအစုံ သုံးခဲ့ဖူးသည်။

စိတ်အလိုအတိုင်း လှုပ်ရှားပြီး Rut circle ဆို ကိုယ့် ဗီဇအတိုင်း လုပ်တတ်တဲ့ ထယ်ရင်းက မျက်လုံးအကြည့်တွေကအစ ခါတိုင်းနဲ့ မတူပါ။ အဆုံးထိ omega အဖြစ် မပြောင်းလဲခဲ့တဲ့ ဂန်ဟယ်အာမှာ alpha ကို နှစ်သိမ့်ပေးနိုင်တဲ့ ဖယ်ရိုမုန်း ရနံ့လည်း မရှိသလို, ချော့မော့ပေးရအောင် သတ္တိလည်း မရှိခဲ့ပေမယ့်လည်း တခြားချစ်သူစုံတွဲတွေလို အတုခိုးနိုင်တာ တစ်ခုတည်းကတော့ ပါးစပ်သုံးတာ (fellatio) ပါပဲ။

အဲ့တစ်ခုတည်းကလွဲ တခြားနည်းလမ်းတွေနဲ့ ထယ်ရင်းကို လက်ခံဖို့ သတ္တိမရှိတဲ့အချိန်တွေ ရှိခဲ့သည်။ အရမ်းကို နာကျင်ရမယ်, အရေပြားတွေ စုတ်ပြဲသွားမယ်, အရမ်း ကြောက်ဖို့ကောင်းတယ်ဆိုတာကို အကြိမ်ကြိမ် နားလည်ခဲ့ပြီးသားမို့လို့... အဲ့အချိန်တွေတုန်းကတော့ ထယ်ရင်း စိတ်ကြွနေတဲ့ပုံစံကို ကြောက်ခဲ့ဖူးသည်။

ဒါပေမယ့်လည်း 'ပါတနာတစ်ယောက်ရဲ့ တာဝန်' ကို မစွန့်လွှတ်နိုင်တာကြောင့် ထယ်ရင်းကို ပင်ပန်းအောင် လုပ်ခဲ့မိသည်။ ဟယ်အာ့ကို တွန်းထုတ်နေတဲ့ ထယ်ရင်းရဲ့ အောက်ကို အတင်းတိုးဝင်ခဲ့ဖူးသလို, နောင်တရမယ်ဆိုတာ သိရဲ့သားနဲ့ ထယ်ရင်းရဲ့ အဝတ်အစားတွေကို ကူချွတ်ခဲ့ဖူးသည်။ omega ဖယ်ရိုမုန်းနဲ့ ဆင်တယ်ဆိုတဲ့ ရေမွှေးတွေလည်း ဝယ်ပြီး ဖြန်းခဲ့ဖူးသည်။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Место, где живут истории. Откройте их для себя