အပိုင်း (၁၁၉)

1.4K 147 14
                                        

ကုမ္ပဏီ ပင်မအဆောက်အအုံကနေ ဓာတ်လှေကားနဲ့ အပေါ်ဆုံးထပ်သို့ တက်နေသည့်အချိန်တစ်လျှောက်လုံး နှလုံးသားသည် တစ်ထပ်ပြီးတစ်ထပ် အောက်သို့ ကျနေသည့် ခံစားချက်ပင်။ ကြည်လင်သည့် မှန်နံရံအနောက်ဘက်မှ မြင်နေရသည့် ဧည့်ခန်းမနှင့် အထပ်တိုင်းရှိ ရုံးခန်းများကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။

AOM သည် ထယ်ရင်းအတွက် အခြားအဓိပ္ပါယ်ရှိသည့် မိသားစုတစ်ခုပင်။ ကုမ္ပဏီမှာ အလုပ်လုပ်နေသည့် ဝန်ထမ်းတစ်ဦးချင်းစီ၏ မျက်နှာနှင့် နာမည်ကို ထယ်ရင်း အားလုံးမှတ်မိသည်။ ဘယ် တက္ကသိုလ်ဆင်းဖြစ်သည်၊ ဘယ်အလုပ်ကို အဓိကဦးဆောင်လုပ်သည်၊ လုပ်တတ်တဲ့အကျင့်တွေနဲ့ စိတ်နေစိတ်ထားအထိပါ အကုန်သိထားသည်။ ဒါကြောင့် ကိုယ်တိုင် အလုပ်ခန့်ပြီး အသုံးပြုထားသည့် ဝန်ထမ်းတွေရဲ့ အသံနဲ့ ပြောနေကျ စကားတွေကို မမှတ်မိနိုင်စရာအကြောင်းမရှိပေ.. ။

အပေါ်ဆုံးထပ်တွင် ဓာတ်လှေကားရပ်သွားပြီး တံခါးပွင့်သွားသည်။ ထယ်ရင်း ချက်ချင်း မဆင်းနိုင်ခဲ့ချေ။ တိတ်ဆိတ်စွာ ရပ်နေရင်း သန့်ရှင်းစွာရှိနေသည့် ကော်ရစ်တာလမ်းနှင့် အတွင်းရေးမှူးအဖွဲ့ ထိုင်သည့် နေရာ၊ မျက်နှာချင်းဆိုင်တွင် ချိတ်ထားသည့် အနက်ရောင် ဆိုင်းဘုတ်ပေါ် ထွင်းထားသည့် AOM စာလုံးကို ကြည့်နေခဲ့သည်။

ဓာတ်လှေကားရဲ့ မှန်တံခါး အလိုလို ပြန်မပိတ်သွားခင်တွင်..

"ကိုယ်စားလှယ်ကြီး!"

ရှီအွန်းချောက လက်ကို ဆန့်ထုတ်ကာ ဖွင့်သည့် ခလုတ်အား ပြန်နှိပ်လိုက်သည်။ တောက်ခနဲ အသံထွက်အောင် ဘယ်ဘက်ခြေထောက်ကို ကန်ရင်း ရှီအွန်းချောက ထယ်ရင်းကို ဓာတ်လှေကားထဲမှ ထွက်လာရန် မေးဆတ်ပြသည်။ ဘာမှမဖြစ်သလို ပုံမှန်အတိုင်းလေးပဲ ရယ်နေသည့် ရှီအွန်းချောကို စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်လိုက်ပြီး ကော်ရစ်တာလမ်းတစ်လျှောက် လှမ်းလိုက်သည်။

"အနားယူပြီး ပြန်လာလို့များလား မျက်နှာက အရောင်တွေကို လင်းထွက်နေပါလား? စားပွဲပေါ် အစီရင်ခံစာ တင်ထားပေးတယ်.. အဲ့တာ အရင်စစ်ပေးဦး။ အာ.. ဒီနေ့ နေ့လည် အစည်းအဝေးကို မနက်ဖြန် မနက် ရွှေ့လိုက်တာ ကြားပြီးပြီလား? ဟိုဘက်ကနေ ပို့ပေးလိုက်တဲ့ အချက်အလက်တွေလည်း အစီရင်ခံစာဘေးမှာ ထားပေးထားတယ်.. အပြာရောင်ဖိုင်နဲ့"

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Место, где живут истории. Откройте их для себя