အပိုင်း (၁၅)

5.9K 816 55
                                        

[Unicode]

ထယ်ရင်းက ဘာစကားမှ မပြောဘဲ သူ့ကို အကြာကြီး ငုံ့ကြည့်နေခဲ့သည်။ အခုမှ ထယ်ရင်းလက်ထဲမှာ ဆွဲထားတဲ့ စက္ကူအိတ် အသေးလေးကို မြင်လိုက်ရသည်။

"ဟို.... ဟိုလေ"

ငြိမ်ငြိမ်လေး ရပ်နေတဲ့ ထယ်ရင်းကို ခေါ်လိုက်သည်။ အဲ့အခါမှ ထယ်ရင်းသည် play ခလုတ် အနှိပ်ခံလိုက်ရတဲ့ စက်ရုပ်တစ်ရုပ်လိုမျိုး လှုပ်ရှားလာတော့သည်။ အညိုရောင် စက္ကူအိတ်ကို ဖြဲပြီးနောက် ထယ်ရင်းလက်ထဲ ရောက်လာတာက ဆေးရည်ပုလင်းလေးတစ်ခုဖြစ်သည်။

ချက်ချင်း ထယ်ရင်းရဲ့ လက်က သူ့မျက်နှာနားကို ကပ်လာသည်။ ဟယ်အာ့ ကိုယ်လုံးလေး ဆတ်ခနဲ တုန်ယင်သွားပြီး မျက်လုံးတွေကို မှိတ်ချလိုက်သည်။ အံကို တင်းတင်းကြိတ်လိုက်မိတဲ့အချိန်မှာ တောင့်တင်းတဲ့ လက်တစ်ဖက်က သူ့ကို ဂုတ်ကနေ မ,လာသည်။

"ဂန်ဟယ်အာရှီ...."

"........"

".. ဘာမှမဖြစ်ပါဘူး"

သူ ဘာဖြစ်နေလဲဆိုတာ သေချာတောင်မသိပါဘဲနဲ့ ထယ်ရင်းက နှစ်သိမ့်ပေးလာသည်။ အဲ့ဒီအစား သူ့ကို မိတ်လိုက်ချင်လွန်းလို့ စိတ်ကြွနေတဲ​့ omega ကောင်လေးလို့သာ မှတ်ယူလိုက်စေချင်တော့သည်။ လည်ပင်း ညှစ်မှာ ကြောက်လို့ပါဆိုတာကို ထယ်ရင်း သိသွားမှာထက်စာရင် အဲ့ဒါက ပိုကောင်းပါသေးသည်။

"......."

ကံကောင်းတာပဲလား ကံဆိုးတာပဲလား ထယ်ရင်းက ဘာမေးခွန်းမှ ထပ်မမေးခဲ့ပေ။ ဆေးပုလင်းအဖုံးကို ဖွင့်ပြီးတော့သာ သူ့ နှုတ်ခမ်းနား တေ့ပေးလာသည်။ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းကို အခုမှသာ ဖွင့်မိသည်။ အဖျားကျဆေး အတိုက်ခံရတဲ့ ကလေးလေးတွေလိုပဲ ဟယ်အာသည် စတော်ဘယ်ရီအရသာ ဆေးရည်တွေကို မျိုချလိုက်သည်။

ခုတင်ခေါင်းရင်းတွင် ထောင်ထားတဲ့ ခေါင်းအုံးပေါ်သို​့ ဟယ်အာ့ကို မှီိစေပြီး ထယ်ရင်းက ချက်ချင်း ထသွားသည်။ ပြီးနောက် ဝရန်တာဘက်သို့ သွားကာ ပြတင်းပေါက်တွေ အကုန်ဖွင့်လိုက်သည်။ တဟူးဟူး ဝင်လာတဲ့ ဖလောရန့်စ်ရဲ့ ညလေအေးက ပူကျစ်နေတဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကို အေးသွားစေသည်။ ထယ်ရင်းက ပြတင်းပေါက်နားတွင် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းသည်။ ဟယ်အာ့ ခန္ဓာကိုယ်ကနေ ရနံ့ထွက်တယ်ဆိုတာကို အခုမှ သေသေချာချာယုံသွားသည်... ဒီ ရနံ့ကို မရချင်လို့ ထယ်ရင်း အသက်အောင့်ထားတာကိုလဲ သူသိသည်။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now