အပိုင်း (၄)

7.1K 935 64
                                        

[Unicode]

သူများတွေမြင်ရင်တော့ ကြံကြံဖန်ဖန်နဲ့ ဘာတွေရေးထားတာလဲလို့ ပြောကြမှာဆိုပေမယ့် ဟယ်အာကတော့ သူ့ သေတမ်းစာကို တော်တော်လေး  စိတ်တိုင်းကျသည်။ ခရီးထွက်တော့မယ့်လူတစ်ယောက် ချန်ထားခဲ့တဲ့ စာတိုလေးနဲ့ တူပြီး ဖတ်ရတာလဲ ကောင်းတယ်လို့ တွေးသည်။

ဒါပေမယ့် ဘယ်လိုပုံစံနဲ့ သေရမလဲလို့ တွေးရတာက ခရီးထွက်ချင်တဲ့နေရာ ရွေးတာနဲ့တော့ ကွာသွားပြန်သည်။ ကိုယ့် သေခြင်းတရားကို ကိုယ်တိုင် ဆုံးဖြတ်ရတဲ့ ခံစားချက်ကတော့ ပျော်စရာတော့ကောင်းမနေတာအမှန်ပင်။

အကယ်၍သာ သူ့ကို ဒီလို အသက်မရှင်ချင်အောင် လုပ်ခဲ့ကြတဲ့လူတွေရဲ့ သေခြင်းတရားကို ဆုံးဖြတ်ပေးရမယ်ဆိုရင်တော့ ပျော်စရာကောင်းလောက်မှာ။

ဒီလိုသာဆို ၆နှစ်လုံးလုံး သူ့ကို စိတ်ဒုက္ခပေးနေခဲ့တဲ့ ရှီအွန်းချောက မိတ်လိုက်နေတုန်း ငေါက်ခနဲ သေသွားရင် ကောင်းမည်။ .. အီး.... ဒါဆိုရင် သူ့ ပါတနာက ထယ်ရင်းတော့ လုံးဝလုံးဝ ဖြစ်လို့မရပါ​။ ထယ်ရင်းမဟုတ်ဘဲနဲ့ တခြား ပါတနာတစ်ယောက်နဲ့ တွေ့ပြီးတော့ .. ဝါး.. ဒါ တကယ်ကို အချစ်စစ်ပဲ! လို့ တွေးမိလိုက်တဲ့အချိန်မှာပဲ ပျော်ရွှင်ရင်းနဲ့ သေသွားမယ်ဆို ရှီအွန်းချောအတွက်လဲ ကောင်းပြီး ဟယ်အာ့အတွက်လဲ ကောင်းသော သေခြင်းတရားပင်ဖြစ်သည်။ နည်းနည်းတောင် ရယ်ရသွားသလားလို့။

ပြီးရင် ဘယ်သူကျန်သေးမလဲ ...နောက်တစ်ယောက်ကတော့ ဟယ်အာ့ အစ်ကိုကြီး။ ငယ်ငယ်ကတည်းကစလို့ အခုထိ ဆက်တိုက် ပုံမှန်လေးပဲ ဟယ်အာ့ကို ပြောဆို နှိပ်စက်လာတဲ့ အစ်ကိုကြီး ဂန်အီဟယ်ကတော့ သူ့လိုပဲ ကင်ဆာရောဂါရပြီး သေသွားရင် ကောင်းမည်။ ဒီလိုသာ ဖြစ်မယ်ဆိုရင် လောကကြီးက တော်တော်လေးကို သန့်ရှင်းသွားတော့မှာ အသေအချာ။

အစ်ကိုကြီး အီဟယ်ရဲ့ စိတ်နေစိတ်ထားအရသာဆို နာကျင်မှုကို လုံးဝ မခံစားရတာမို့ ကင်ဆာဖြစ်ခါစဆို လုံးဝသတိမထားမိနိုင်တဲ့ အသည်းကင်ဆာကိုတောင် ပထမအဆင့်မှာတင် သတိထားမိသွားမလား မပြောတတ်ပါ။ အကယ်လို့သာ နောက်ဆုံးအဆင့်ဖြစ်နေပြီး ကုသဖို့ မလွယ်တော့ဘူးဆိုရင်တောင် မရရတဲ့နည်းနဲ့ ကုပေးရမယ်ဆိုပြီး အော်ဟစ်နေလောက်သည်။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now