အပိုင်း (၇၁)

1.1K 185 14
                                        

ဧည့်သည်တွေက ဝင်လာတုန်းကလည်း ဝရုန်းဝရုန်းနဲ့ ထွက်သွားတော့လည်း ဝရုန်းဝရုန်းပင်။ ဘာကြောင့်ရယ်မသိ အားတွေကုန်ခမ်းနေလို့ သူတို့ကို အိမ်ရှေ့ထိ လိုက်တောင် မပို့နိုင်ခဲ့ပါ။ ဆိုဖာပေါ်မှာပဲ ထိုင်ပြီး အေးစက်သွားတဲ့ နွားနို့ကို သောက်လိုက်သည်။

ဟယ်အာ့ကိုယ်စား ထယ်ရင်းက ထိုသုံးယောက်ကို ခြံပေါက်ဝထိ လိုက်ပို့ပေးပြီး မိနစ်အနည်းငယ်လောက်ကြာတော့မှ ဧည့်ခန်းထဲ ပြန်ရောက်လာသည်။ ထယ်ရင်းကို ငေးကြည့်နေမိသည်။ ဒီဘဝက ချောင်းထယ်ရင်းကို တကယ် နားလည်ရခက်သည်။ ဒီ စကြဝဠာထဲမှာ အဆန်းကြယ်ဆုံး သတ္တဝါဖြစ်သည်။ ဒီ ခန့်ညားထည်ဝါပြီး ချောမောတဲ့ အမျိုးသားရဲ့ ဦးနှောက်ဖွဲ့စည်းပုံကို လေ့လာချင်မိသည်။

"...ဘာလို့ ကူညီပေးတာလဲ"

ဟယ်အာ မေးလိုက်တော့,

"ဒါဆို ဟိုဘက်လူတွေဘက်က ပါရမှာလား.. ဂန်ဟယ်အာကို ထားပြီးတော့"

ထယ်ရင်းရဲ့ အဖြေက အရမ်းကို မြန်လွန်းသည်။

ဒီလိုပြောတော့ ဟယ်အာလည်း ပြန်ပြောစရာစကား မရှိတော့ပေ။ နားထောင်ကြည့်တော့လည်း ထယ်ရင်းပြောနေတာ မှန်နေတာမို့။ ဘယ်လိုဘောင်မျိုး သုံးမလဲဆိုတာ ဟယ်အာ့အတွက် အရေးကြီးတဲ့ ကိစ္စဖြစ်ပေမဲ့ ထယ်ရင်းအတွက်တော့ ဟယ်အာ့ဘက်ကနေ စကားလေးတစ်ခွန်း ထောက်ခံပေးလိုက်တာထက် မပိုပါဘူးပေါ့။

"အင်းပါ... ကျေးဇူးတင်ပါတယ်"

ပြီးနောက် ဒူးခေါင်းကိုသာ ပွတ်နေတဲ့ ဟယ်အာ့ ခေါင်းပေါ်ကို ပုတ်ပေးတော့မလို ထိဖို့ ကြိုးစားလိုက်ပြီးမှ ရပ်လိုက်သည်။

သူ့ရဲ့ မရေမရာ လက်ဟန်ခြေဟန်ကြောင့် ဟယ်အာ့ နှလုံးသားက ထိတ်ခနဲ ဖြစ်သွားသည်။ အရင်တုန်းကဆို ဘယ်သူ့လက်ဖြစ်ဖြစ် မျက်နှာနား ရောက်လာရင် မျက်လုံးတွေ အလိုလို မှိတ်သွားပြီး အရင်ဆုံး ထိုးကြိတ်ခံရမယ်လို့ စိတ်ကူးမိတတ်ပေမယ့် အခုတော့ ကွာသွားပြီဖြစ်သည်။ တစ်ဖက်မှာ ကြောက်စရာကောင်းပြီး တစ်ဖက်မှာတော့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ထယ်ရင်းရဲ့လက်က အခုတော့ ပျော်စရာကောင်းရုံသက်သက်ပဲ။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now