အပိုင်း (၁၁၁)

909 134 1
                                        

knotting လုပ်ပြီးနောက် ဟယ်အာနဲ့ သူ့ ဆက်ဆံရေးက ပြောင်းလဲသွားပေမယ့် စိုးရိမ်ခဲ့သလိုတော့မဟုတ်။

ကိုယ့်ရဲ့ အပြင်ဘက်မှာ ဖြစ်တည်နေတဲ့ တခြားသူတစ်ဦးကို ကိုယ့် ခန္ဓာကိုယ်လို သဘောထားရတဲ့ ခံစားထျက်က ထင်ထားတာထက် ပိုထူးဆန်းသည်။ အစိမ်းသက်သက်လို ခံစားရပေမယ့် သဘောမကျဘူးရယ်တော့မဟုတ်ပါ။ ဖိအားအသစ်တွေက ထယ်ရင်းကို ရှိသင့်တဲ့နေရာကို အရောက်ပို့ပေးလိုက်သလိုပင်။

'ငါ့နေရာပဲ'

ဂန်ဟယ်အာကို ရင်ခွင်ထဲ ထည့်ဖက်ထားတဲ့အခါမျိုး သူ့ ရင်ခွင်ထဲမှာ ရှိရတဲ့အခါမျိုးမှာ ပထမဆုံးအကြိမ် ခံစားခဲ့ရတာဖြစ်သည်။ အခုချိန်ထိ သူ့နဲ့ အိမ်တစ်အိမ်တည်းနေ၊ ခုတင်တစ်လုံးတည်း အိပ်၊ အတူတူ ထမင်းစားခဲ့တဲ့ ကုန်လွန်ခဲ့တဲ့ ရက်တွေက ဘာမှမဟုတ်သလို ဖြစ်သွားခဲ့သည်။

'ငါ့လူပဲ...'

ဒီ ခံစားချက်သေးသေးလေးကတောင် ကောင်းနေတာ..။

'ငါ့ omega..'

ပြင်ပက ဘယ်အဆက်အသွယ်ကိုမှ တုံ့ပြန်ခြင်းမရှိဘဲ အိမ်လာတဲ့ ဧည့်သည်တစ်ယောက်မှ မရှိတဲ့ ရက်အနည်းငယ်ထက် ပို ပြီးပြည့်စုံတဲ့အရာဆိုတာ မရှိတော့ပါ။

ထယ်ရင်း ဘာမှ မစားသောက်ဘဲ မအိပ်တာတောင် အကောင်းတိုင်းရှိနေသေးသည်။ ကိုယ်ပေါ်မှာ မှောက်ခုံနေပြီး သက်သောင့်သက်သာ အိပ်ပျော်နေတဲ့ ဟယ်အာ့ကို ကြည့်ရုံနဲ့တင် ၇ရက်တစ်ပတ် ဘာမှမစားဘဲတောင် နေနိုင်သည်။

"ကိုယ်ဝန်ရသွားရင် ဘယ်လိုလုပ်မလဲ?"

ပြည့်စုံတဲ့ ပျော်ရွှင်မှုကို အပေါက်ဖောက်ချလိုက်တာလဲ အဲ့ပျော်ရွှင်မှုကို ပေးခဲ့သူ ဂန်ဟယ်အာကိုယ်တိုင် ဖြစ်သည်။

ရုတ်တရက် ပြောလာတဲ့ အသံကြောင့် ထယ်ရင်း မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။ ဟယ်အာက မေးစေ့ကို ထယ်ရင်းရဲ့ ရင်ဘတ်အလယ်မှာ ထောက်ထားပြီး အိပ်ချင်မူးတူးဖြစ်နေသည်။

"ကလေးကို ကောင်းကောင်း ပြုစုပျိုးထောင်နိုင်မယ်လို့ ယုံကြည်ချက်မရှိဘူး.. ကျွန်တော်.."

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now