အပိုင်း (၂၉)

3.9K 499 30
                                        

[Unicode]

"နဂိုကတည်းက မျက်ရည်လွယ်တာလား"

ခဏခဏ ငိုနေတဲ့ သူ့ကို ကြည့်ပြီး စိတ်ကျဉ်းကျပ်လာလို့လားပဲ.. လေသံနည်းနည်းပါတဲ့  အသံနဲ့ ထယ်ရင်းက မေးသည်။ တပြိုင်တည်းမှာပဲ ဟယ်အာ့ နှုတ်ခမ်းကလေး စူထွက်သွားသည်။ ဒါတွေ အားလုံး ဘယ်သူ့ကြောင့်လဲ။

"ဒါတွေအားလုံး ထယ်ရင်းရှီကြောင့်လေ.. ထယ်ရင်းရှီက ကျွန်တော့်အပေါ် ကောင်းပေးနေလို့ မျက်ရည်က သူ့ဘာသူ ထွက်လာတာမို့လား!!"

rap ရွတ်သလိုပဲ အလျင်အမြန် အော်လိုက်မှပဲ ရင်ဘတ်ထဲ ပွင့်ထွက်သွားသလို ခံစားလိုက်ရသည်။ တော်သေးတာပေါ့.. စောစောကလေးကတင်ထိ သေချင်သလို ခံစားနေခဲ့ရတာ.. သေတောင်သေနေပြီလို့ ထင်ခဲ့တာ။

"ကျွန်တော့်အပေါ် မကောင်းပေးပါနဲ့ တကယ်.. ကျွန်တော့်ကိုလည်း ရင်းရင်းနှီးနှီး မခေါ်နဲ့။ ခေါ်ရင် ငိုချင်လို့ပါဆိုနေ.."

"ဟား..."

"အခု လိုက်လဲ မချော့နဲ့။ လိုက်လဲ မရှာနဲ့... ထယ်ရင်းရှီကြောင့် ခဏခဏ ငိုနေရတာ မျက်လုံးတွေလည်း နာတယ်"

"ကိုယ် ဂန်ဟယ်အာရှီ့အပေါ် မကောင်းပေးရဘူးလား? ဘာလို့လဲ.. အကြောင်းအရင်းက ဘာလဲ"

စပ်နေတဲ့ မျက်လုံးကို အတင်းဖွင့်ပြီးတော့.. ဟယ်အာ့ကို နားမလည်နိုင်တဲ့ မျက်နှာနဲ့ ကြည့်နေတဲ့ ထယ်ရင်းကို စိုက်ကြည့်လိုက်သည်။

"ကျွန်တော် တခြား ယောက်ျားတစ်ယောက်နဲ့ နမ်းခဲ့တယ်"

ဒီတစ်ခေါက်တော့ ထယ်ရင်းဆီကနေ အဖြေချက်ချင်း မရလိုက်ပါ။ ထယ်ရင်းကို ပြောစရာစကားပျောက်သွားအောင် လုပ်လိုက်နိုင်တာ ဒီတစ်ခေါက်က အကြာဆုံးဖြစ်လောက်မည်။ ဒါပေမယ့် ဟယ်အာ မပျော်နိုင်ပါ..

ဟယ်အာ့ကို ငုံ့ကြည့်နေတဲ့ ထယ်ရင်းက ခါးမတ်ကာ ပုံမှန်အတိုင်း ရပ်လိုက်သည်။ ထိုအတိုင်းပင် ဟယ်အာ့ရဲ့ ငယ်ထိပ်ကို အကြာကြီး စိုက်ကြည့်နေပြီးမှ ကိုယ့် မေးစေ့ ကိုယ် ပြန်သပ်သည်။ ထယ်ရင်း ပေးတဲ့ တိတ်ဆိတ်မှုက နှင်းမုန်တိုင်းတစ်ခုလိုပဲ ဟယ်အာ့ တစ်ကိုယ်လုံးကို ပတ်နေသလိုပင်။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now