[Unicode]
ကိုရီးယားကို ပြန်ရောက်တာနဲ့ ထယ်ရင်းနဲ့ သူနဲ့ တစ်လမ်းစီ ကွဲသွားသည်။ အတွင်းရေးမှူးကိုယ်တိုင် မောင်းလာတဲ့ ထယ်ရင်းရဲ့ ကားနောက်မှာတော့ ဒရိုင်ဘာအို မောင်းလာတဲ့ ဟယ်အာရဲ့ ကားက ကပ်လိုက်လာသည်။ ကားမောင်းလာတာ ရှီအွန်းချော မဟုတ်ကြောင်း မသိမသာလေး ဝေ့ကြည့်ကာ စစ်ဆေးပြီးမှ ထယ်ရင်းကို ပေးသွားလိုက်သည်။
နှစ်ယောက်သား ကွဲသွားတာ တော်တော်လေး ကံကောင်းသည်ပြောရမည်။ .. အဆတစ်ထောင် အဆတစ်သောင်းကို ကံကောင်းသည်။
'ဘာမှမဖြစ်ပါဘူး.. ကိုယ် သိပြီးသားပါ။ ဟယ်အာရှီ့ ဆေးရှိန်ပြယ်လာတာ သိလို့ အတူတူ ရှိနေကြဖို့ ပြောခဲ့တာ.. ပြောင်းလဲစ ဖြစ်တတ်တဲ့ မတည်မငြိမ်လက္ခဏာတွေမို့ ပူပန်စရာမလိုပါဘူး..'
စိတ်မပူပါနဲ့ဆိုပြီး ဒီလိုစကားပြောလာတဲ့ ထယ်ရင်းနဲ့ နှစ်ယောက်တည်း ရှိနေဖို့ဆိုတာ သူ့အတွက်တော့ ကြိုးပေးတာထက်ကို ဆိုးရွားလှသည်။
'ရူးသွားတာပဲ.. ရူးသွားတာ..'
ဒရိုင်ဘာအို ကမ်းပေးတဲ့ အအေးကိုတောင် သောက်မနိုင်ဘဲ သူ ဆံပင်တွေကို အမြစ်ပြုတ်ထွက်မတတ် ဆွဲဆုပ်လိုက်သည်။ အနောက်ခုံမှာ တစ်ယောက်တည်း ကျုံ့ဝင်သွားတဲ့ သူ့ကို ဒရိုင်ဘာအိုက ခဏခဏလှမ်းကြည့်ရှာသည်။
'အစမို့ ဖြစ်တတ်တဲ့ လက္ခဏာတဲ့လား.. ရူးသွားတာပဲဖြစ်ရမယ်။.. omega တွေက အကုန်ဒီလိုပဲလား? ဒါကြီးက .. လုံးဝ နှာဘူး ဖြစ်သွားတာကြီး!!'
တစ်လျှောက်လုံး အဆင်ပြေသလို မေ့သွားသလိုလိုနဲ့ သရုပ်ဆောင်လာခဲ့ပေမယ့် ပြန်လာတဲ့ လေယာဉ်ပေါ်မှာတော့ တရေးမှ အိပ်မပျော်ခဲ့ပေ။ ၁၁နာရီ လုံးလုံး ကြောင်တောင်တောင်နဲ့ မနေ့ကညက အဖြစ်အပျက်ကို တစ်ခုမကျန် ပြန်တွေးရင်း နောင်တရရင်း ယူကျုံးမရဖြစ်ရသည်။
အဲ့ဒါကြောင့် ကံကောင်းသည်လို့ ဆိုခြင်းပင်။ အနည်းဆုံးတော့ တစ်ယောက်နဲ့ တစ်ယောက် နေရခက်နေရက်နဲ့ ထယ်ရင်းနဲ့ တစ်ကားထဲ အတူမစီးရတာကြောင့်လေ။
ဆိုးလ်မြေကို နင်းတာနဲ့တပြိုင်နက် ကုမ္ပဏီကိစ္စအကြောင်း အရင်မေးတဲ့ ထယ်ရင်းကို ကြည့်ပြီး ၂ပတ်လောက်ကြာမယ့် ခရီးကို ၄ရက်ဖြစ်အောင်ချုံ့လိုက်တာ မှန်သွားသည်။ ဒါပေမယ့် ထူးထူးဆန်းဆန်း စိတ်ထဲ ဟာလာဟင်းလင်းဖြစ်နေသည်။ ဟန်းနီးမွန်း ပြီးသွားလို့ အထီးကျန်တယ်လို့ ခံစားနေရပုံထောက်ရင် သူလဲ အတော်လေး မျှော်လင့်ခဲ့ပုံရသည်။
YOU ARE READING
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
RomanceTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
