အပိုင်း (၄၉)

1.8K 237 15
                                        

မှတ်ဉာဏ်ကို ပြန်တူးဆွဖို့ ကြိုးစားပေမယ့် ခေါင်းထဲမှာ ဗလာအတိ။ ရုတ်တရက် ဖလင်စက်ထဲ မှားယွင်းထည့်ထားတဲ့ ဓာတ်ပုံလိုမျိုး လှေကားရင်းမှာ ပြုတ်ကျနေတဲ့ ဟယ်အာ့ရဲ့ မျက်နှာက ခေါင်းထဲ ပေါ်လာသည်။

"......"

ခေါင်းကို ပြင်းပြင်းထန်ထန် ခါရမ်းလိုက်သည်။ မဟုတ်ရဘူး.. သူ ဂန်ဟယ်အာကို ထိမိစရာအကြောင်းမရှိဘူး... အကယ်၍ ထိခဲ့မိတယ်ဆိုရင် ဟယ်အာ ဒီလောက်ထိ အကောင်းပကတိ ဖြစ်နေမှာ မဟုတ်ဘူး။ မတော်တဆများ လက်နဲ့ ရိုက်မိခဲ့ရင်... အဲ့ဒီ့ နူးညံ့တဲ့ ပါးပြင်လေးက ခုဆို စုတ်ပြဲနေလောက်မှာ။ မက်နေကျ အိပ်မက်ဆိုးထဲက ပုံစံလိုမျိုးပဲ။

မျက်လုံးကို စုံမှိတ်လိုက်ပြီး ကျဉ်ပြီး ထုံနေတဲ့ မျက်ခွံကို လက်မနဲ့ ဖိပြီး ပွတ်လိုက်သည်။ ဒီ မျက်ခွံတွေရဲ့ အောက်မှာ ပရင့်ထုတ်ထားသလိုမျိုး မြင်နေရတဲ့ ပုံရိပ်ကလေး ပျောက်သွားလိုငြား။

ပူနွေးတဲ့ လေကို အပြည့်ရှူသွင်းလိုက်ပြီး ပြန်ထုတ်လိုက်ပြီးမှ ကားခေါင်းခန်းဆီကို ဦးတည်လိုက်သည်။

ကားပေါ်ထိုင်တာနဲ့ ကားမောင်းဖို့ကိုပဲ အာရုံစိုက်လိုက်သည်။ ဘေးခုံမှာ ထိုင်နေတဲ့ ဂန်ဟယ်အာကို လှည့်ကြည့်ဖို့ သတ္တိမရှိပါ။ အကြမ်းဖက်ကောင်နဲ့ လက်ထပ်လိုက်မိပြီဆိုပြီး အခုလောက်ဆို နောင်တရနေလောက်သည်။

ခေါင်းတွေပါကိုက်စပြုလာသည်။ အဓိပ္ပါယ်မရှိတဲ့ ရန်ပွဲမျိုးကို မစကို မစသင့်ခဲ့တာ... မထိန်းလိုက်နိုင်ဘဲ စိတ်လိုရာပြုလိုက်မိသည်။ ကြိုးပြတ်သွားတဲ့ အရူးတစ်ယောက်လို ပြုမူမိသွားသည်။ တကယ်ကို မပြချင်ဆုံး လူတစ်ယောက်ကိုမှ မေ့ဖျောက်ချင်တဲ့ ပုံစံမျိုးကို ပြမိသွားသည်။

ကံဆိုးလို့ ဂန်ဟယ်အာရှေ့မှာမှ... ။ ဂန်ဟယ်အာရှေ့မှာမို့လို့ကို ပို ကံဆိုးတာပဲလား။

စိုးရိမ်တကြီး တုန်လှုပ်နေတဲ့ နှလုံးခုန်သံက နောက်ဆုံးမှာ ငြိမ်သက်သွားသည်။ အိမ်ပြန်ရောက်ပြီး ကားဂိုဒေါင်ရှေ့ ကားရပ်လိုက်တဲ့ အချိန်မှာမှ ဂန်ဟယ်အာ စငိုသည်။ ထယ်ရင်းရဲ့ မျက်ဝန်းတွေထဲ ကိုယ့်ကိုကိုယ် အပြစ်တင်စိတ်တွေနဲ့ မည်းမှောင်သွားရသည်။ ပထမဆုံးအကြိမ် ခံစားမိတဲ့ စိုးရိမ်ပူပန်မှုကြောင့် ရင်ဘတ်ထဲတောင် အီလည်လည်ဖြစ်လာသည်။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Место, где живут истории. Откройте их для себя