အပိုင်း (၉၉)

902 154 6
                                        


မျက်လုံးတွေ ပြူးကျယ်ပြီး မှိတ်တောင် မမှိတ်နိုင်တော့တဲ့ ထယ်ရင်းရဲ့ ပခုံးကို ဆုပ်ကိုင်ပြီး

"ချောင်းထယ်ရင်း! သတိထားဦး!"

ရှီအွန်းချောက အော်လိုက်သည်။

"...ဖြည်းဖြည်းချင်း စဉ်းစား။ သေသေချာချာ စဉ်းစားကြည့်!

ထယ်ရင်းကို စိတ်တည်ငြိမ်အောင် ထိန်းပေးပြီး နှစ်သိမ့်ပေးရာမှာ ကျွမ်းကျင်တဲ့ ရှီအွန်းချောမှာ ပြောနေကျ ဇာတ်ညွှန်းတစ်ခု ရှိသည်။ အထက်တန်းကျောင်းတုန်းကတည်းက ပေါက်ကွဲမလို ဖြစ်တိုင်း အမြဲ ရွတ်ပြနေကျ စကားတွေ ရှိပြီး မေးခွန်းတွေရဲ့ အစီအစဉ်မှာလည်း စည်းမျဉ်းတွေ ရှိသည်။

"ငါ ဘယ်သူလဲ သိလား? ဒီနေ့ ဘယ်နေ့လဲ? ဒီနေရာက ဘယ်နေရာလဲ ပြောစမ်း။ ခုနက ဘာလုပ်နေခဲ့လဲ မှတ်မိလား?"

နားနဲ့ ယဉ်ပါးနေတဲ့ အသံလို ပါးပြင်ကို ထိနေတဲ့ သူ့ လက်ကလည်း အသားကျနေသည်။ ရှီအွန်းချောရဲ့ လက်ကို ဆွဲချလိုက်သည်။

"ဂန်ဟယ်အာ။ ...ဟယ်အာ ဘယ်မှာလဲ?"

ရှီအွန်းချောက သက်ပြင်းတစ်ချက်ချလိုက်သည်။ အတော်ကြာ စဉ်းစားနေပြီးမှ နှုတ်ခမ်းကို ဖိကိုက်ရင်း ခေါင်းငုံ့လိုက်ပြီး ဆုပ်ထားတဲ့ လက်ကို ရုန်းထွက်သလို ဆွဲထုတ်လိုက်သည်။ နဖူးကို လက်သီးဆုပ်နဲ့ ပွတ်နေတဲ့ ရှီအွန်းချောရဲ့ လက်ထဲက ပန်းနုရောင်ပြောင်းနေတဲ့ wet tissue က ကြေမွသွားသည်။

"ပြခန်း...ကို ဥက္ကဋ္ဌဂန်ရဲ့ အတွင်းရေးမှူးလား ဘယ်သူလဲ မသိဘူး။ ဘယ်သူပဲဖြစ်ဖြစ် အဲ့ဒီ့လူက ပြန်ခေါ်သွားတာပဲ..."

လက်ဖျားနဲ့ သူ့ အရေပြားကို ကုတ်ခြစ်ရင်း သူက ဘာကို စဉ်းစားနေလဲ မသိ မျက်ခုံးနှစ်ဖက်ကြားမှာ တွန့်ချိုးသွားသည်။ ရင်းနှီးတဲ့ မျက်နှာပေါ်မှာ အမျိုးမျိုးသော ခံစားချက်တွေ ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်နေသည်။

ခဏအကြာ အွန်းချောက ရှေ့ကနေ ဖယ်ပေးသည်။

"...ဆူဆူညံညံတွေ မလုပ်ဘူးမလား?"

တစ်ချက် ခေါင်းငြိမ့်ပြလိုက်ပြီး သူ့ကိုကျော်ဖြတ်ကာ ဂိုဒေါင်ထဲက ထွက်လာလိုက်သည်။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now