.. ဂန်ဟယ်အာ့ ဘေးနားမှာ ကျွန်တော် ဘယ်လိုမှကို မနေနိုင်တော့ဘူး။
ခွင့်လွှတ်ပေးပါလို့ တောင်းပန်ပြီး ဖက်ထားပေးပါလို့ ငိုကြွေးနေတဲ့ အဲ့သည်လူရဲ့ ဘေးနားကနေ ကျွန်တော် အမြန်ဆုံး ခွာနိုင်မှ ဖြစ်မယ်။ မဟုတ်ရင် ခံနိုင်တော့မှာမဟုတ်ဘူး... နောက်ထပ် ခဏလေးပဲ ဘေးနားမှာ နေလိုက်ရင် သူ့ကို ခွင့်လွှတ်ပြီး ဖက်ထားပေးမိတော့မယ်..။
ရပါတယ်ဆိုတဲ့ စကားကိုတော့ လုံးဝ မပြောသင့်ဘူး။ အဲ့လိုသာ ပြောလိုက်ရင် ကျွန်တော့်အဖေကို သတ်ခဲ့တဲ့ ကိစ္စကို ခွင့်လွှတ်သလို ဖြစ်သွားလိမ့်မယ်။ အခြေအနေအားလုံးက ဂန်ဟယ်အာကို ဦးတည်နေပေမယ့် ကျွန်တော် သူ့ကို လုံးဝ .. စွန့်မခွာနိုင်ခဲ့ဘူး။ မပစ်ပယ်ရက်ခဲ့ဘူး။ ထင်ရှားတဲ့ သက်သေအထောက်အထားတွေက သူ့ကို ဒီ သောက်ရေးမပါတဲ့ beta, ကျွန်တော့်ဘဝကို ဖျက်ဆီးဖို့ ကြံစည်ထားတဲ့ လူလိမ်, ယုတ်မာတဲ့ ဂန်မျိုးရိုးက ပိုက်ဆံပေးငှားထားတဲ့ သရုပ်ဆောင်သာသာလို့ ပြောနေပေမယ့် ကျွန်တော့်ရှေ့က ဂန်ဟယ်အာကို မြင်လိုက်တိုင်း.... ကျွန်တော် သူ့ကို ပြန်သဘောကျလာပြန်တယ်။
ကျွန်တော်တို့ အတူတူမနေသင့်ဘူး။ တစ်ယောက်ကို တစ်ယောက် တဖြည်းဖြည်း ဖျက်ဆီးပြီး ကိုက်ဖြတ်သတ်ဖြတ်နေရုံပဲ ရှိလိမ့်မယ်။ သူ့ကို အတင်းအဓမ္မ ခွာထုတ်ပြီး ကျွန်တော် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကျယ်ဝန်းတဲ့ အိမ်ကြီးကနေ ထွက်ခွာခဲ့တယ်။
တစ်နှစ်.. နှစ်နှစ်... ၆ နှစ်တိတိ.. ကျွန်တော် သူ့ကို ထားသွားရုံပဲ ရှိခဲ့တယ်။ နောက်ဆုံး အလုပ်ခရီးအဖြစ် အမေရိကကိုထွက်တုန်းက ဂန်ဟယ်အာက ကျွန်တော့်ကို နှုတ်မဆက်တော့ဘူး။ ကောင်းကောင်းသွားပါလို့လည်း မပြောခဲ့သလို.. စောင့်နေပါမယ်လို့လည်း မပြောခဲ့ဘူး။ အစက ဧည့်သည်တွေအတွက် ထားထားတဲ့ အိပ်ခန်းဆိုပေမယ့် သူ့အခန်းဖြစ်သွားတာ တော်တော်ကြာသွားပြီဖြစ်တဲ့ အိပ်ခန်းထဲမှာပဲ ပိတ်လှောင်နေပြီး မျက်နှာတောင် ထွက်မပြခဲ့ဘူး။
ကျွန်တော်လည်း သူ့ နာမည်ကို အထူးတလည် ခေါ်တာမျိုး.. သူ့ကို နှုတ်ဆက်တာမျိုး မလုပ်ခဲ့ဘူး။ ခရီးဆောင်အိတ်ကို ဆွဲပြီး တိတ်တိတ်ဆိတ်ဆိတ် ဝင်ပေါက်ဆီ ထွက်လာခဲ့တယ်.. အဲ့ချိန်က ချောင်းဆိုးသံလေးတစ်ချက် ကြားလိုက်ရတယ်။
YOU ARE READING
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
RomanceTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
