အပိုင်း (၁၀)

6.4K 906 20
                                        

[Unicode]

အသက် ၃၂နှစ်အရွယ် ဂန်ဟယ်အာ့ရဲ့ စိတ်သည် ဒီလိုဖြစ်သည်။ တစ်ကြိမ်တစ်ခါလောက်ပဲဖြစ်ဖြစ်  ချစ်ပါတယ်လို့ အာခေါင်ခြစ်အော်ချင်လွန်းလို့ ရင်ဘတ်ထဲ မီးတောက်နေခဲ့ရသည်။ ခင်ဗျားကို ချစ်တာမို့လို့ ကျေးဇူးပြုပြီး ဘေးနားမှာ နေပေးပါလို့ အော်ပြောချင်ခဲ့သည်။ ဒါပေမယ့် သူ့မှာ ဒီလိုလုပ်ဖို့ အရည်အချင်းမရှိပေ။ ထယ်ရင်းရဲ့ မျက်ဝန်းတွေကို ကြည့်ပြီး ချစ်ပါတယ်လို့ ဝန်ခံလိုက်တာထက် ရင်ဘတ်ထဲက နှလုံးသား မီးကျွမ်းသွားတာကမှ ပို မြန်ဦးမည်။ နှလုံးသားက ပြာမှုန့်တွေအဖြစ် ကျန်ရစ်ခဲ့ပြီး ခန္ဓာကိုယ်ကတော့ ကင်ဆာဆဲလ်တွေ ပြည့်ကျန်နေခဲ့သည်။

သို့သော် အခုကတော့ ကွာခြားသွားပြီဖြစ်သည်။ ၂၆နှစ်အရွယ် တောက်ပလန်းဆန်းတဲ့အချိန်တွေဆီ ပြန်ရောက်လာချိန် ဒီနေ့မှာ ဂန်ဟယ်အာသည် အရင်ကနဲ့ မတူတော့တာမှ တခြားလူတစ်ယောက် ဖြစ်သွားသလိုပင်။

တောင့်တောင့်ကြီး ရပ်နေတဲ့ ချောင်းထယ်ရင်းရဲ့ ခိုင်မာတဲ့ ပေါင်တံကို သူ လက်နှစ်ဖက်လုံးသုံးကာ ဖက်တွယ်ထားလိုက်သည်။ ဖက်ထားကာ ပုရစ်တစ်ကောင်လိုမျိုး တစ်ကျစ်ကျစ်နှင့် အော်ပြောမိသည်။

"ကျွန်တော်တစ်ယောက်တည်းကပဲ အရာအားလုံးကို သိထားတယ်!!"

ဂရုမစိုက်ဘဲ ဖြည်းဖြည်းနဲ့မှန်မှန်ပဲ တံခါးဆီ လမ်းလျှောက်သွားနေတဲ့ ထယ်ရင်းနဲ့အတူပင် သူလည်း ဒူးထောက်လျက်သား တရွတ်တိုက် ပါသွားသည်။

"..... ရှေ့လျှောက် ဖြစ်လာမယ့် ကိစ္စတွေ..အစီအစဉ်တွေ.. အကုန်လုံးကို သိထားတယ်"

သူ့ကို ငုံ့ကြည့်နေတဲ့ ထယ်ရင်းရဲ့ မျက်နှာပေါ်က ဝမ်းနည်းမှုတွေက မည်းနက်နေသည်။  ၃၄နှစ်အရွယ် ထယ်ရင်းရဲ့ မျက်နှာကို မှတ်မိချင်ခဲ့ပေမယ့် စိတ်မကောင်းစွာပဲ သေချာမမြင်ရပေ။ ထယ်ရင်းရဲ့ ခါးကို ကိုင်ပြီး သူ ထလိုက်သည်။

"ကျွန်တော် ကာကွယ်ပေးပါ့မယ်... ခင်ဗျား အဖေကို အခေါင်းသွင်းပြီး မိုးရေစိုရတဲ့ ကိစ္စ ဖြစ်မလာအောင် တားပါ့မယ်.. အခု အရင်ကနဲ့ မတူတော့ဘူးလေ.. ကျွန်တော် လုပ်နိုင်ပါတယ်"

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Donde viven las historias. Descúbrelo ahora