ဂန်ဟယ်အာက hoodie တစ်ထည် လက်ထဲကိုင်ပြီး တုံ့ဆိုင်းတုံ့ဆိုင်း လျှောက်လာသည်။ ဆီဆေးတွေ ပေပွနေတဲ့ ဝတ်စုံကနေ သက်တောင့်သက်သာရှိပုံရတဲ့ တီရှပ်တစ်ထည် လဲဝတ်ထားသည်။
ရှုပ်ပွနေတဲ့ အဝတ်လဲခန်းကို မြင်လိုက်ရတာ ရှက်လို့လား မသိ.. သူ့ မျက်နှာမှာ သွေးရောင်တွေ ဖြန်းကနဲ ထလာလိုက် ပျောက်သွားလိုက်ဖြစ်နေသည်။ မျက်ခုံးမွှေးတွေက ဒီနေ့မှပဲ ပိုပြီး မှိုင်းနေသလို အဖျားက အောက်ကျနေပြီး လက်နှစ်ဖက်ကလည်း အကျိုးမရှိတဲ့ အင်္ကျီလက်ဖျားကို ချေမွထားသည်။ အတွင်းစိတ်ကို သိသလိုလို မသိသလိုလို မရေရာတဲ့လူက ထူးဆန်းစွာ ရှက်ရွံ့မှုကို ဖုံးကွယ်ရာမှာ အတော်လေး ညံ့သည်။
နားရွက်ဖျားတွေအထိ နီရဲနေတဲ့ သူ့ကို ကြည့်လိုက်တော့ စိတ်ထဲက သေးငယ်တဲ့ သံသယတစ်ခုက လှုပ်ရှားလာသည်။ ... သူငယ်ချင်းက တကယ်ကြီး ကျွန်တော့် ယောကျ်ားကို ကြိုက်နေတာများလားဆိုတဲ့ အဓိပ္ပာယ်မရှိတဲ့ သံသယဖြစ်သည်။
'ဟုတ်တယ်.. ဒီလိုလူမျိုးကို ဘယ်လိုများ မကြိုက်ဘဲ နေနိုင်မှာလဲ'
တွေးကြည့်လိုက်တော့ ဂါးဒင်းပါတီနေ့တုန်းက နှစ်ယောက်သား နမ်းတောင်နမ်းခဲ့သေးတယ်လို့ ပြောဖူးသည်။
'...ပါးစပ်ပိတ်ဖို့ပါ။ ရှီအွန်းချော ပြောတာတွေ မကြားချင်လို့ လုပ်လိုက်တာ...'
ဂန်ဟယ်အာကို ဘယ်လိုနားလည်ရမယ်ဆိုတာ ခုထိ မသိသေး။ ဒါပေမယ့် သူက တခြားယောက်ျားတစ်ယောက်နဲ့ နမ်းခဲ့တဲ့ အကြောင်းပြချက်ကို ဒီလိုလေး ရှင်းပြမယ်ဆိုရင် သူ လိမ်နေတာ မဟုတ်ဘူးဆိုတာ သေချာသည်။
သူ့ဆီကနေ နမ်းလိုက်တယ်ဆိုတဲ့ ဝန်ခံစကားကို ကြားခဲ့ရတဲ့အချိန်တုန်းကတော့ တစ်ဖက်လူက အင်ဂွန်းမဟုတ်ဘူးဆိုတဲ့ အချက်မှာပဲ အာရုံစိုက်နေလို့ စိတ်အေးခဲ့ရသည်။ ဒါပေမယ့် ပြန်တွေးကြည့်တော့ ရှီအွန်းချောက အဲဒီ့ကိစ္စနဲ့ပတ်သက်ပြီး လုံးဝ ထုတ်မပြောဖူးပေ။
'အား.. လူကြိုက်များတဲ့ ယောကျ်ားကို ပိုင်ဆိုင်ထားရတာ ဒီလိုပါလား.. လူက သဘောထားသေးသိမ်လာရော..'
YOU ARE READING
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
RomanceTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
