အပိုင်း (၉၂)

1.2K 187 10
                                        

"......."

—.......

"......."

—...ဟယ်လို? ဟေ့ ကြားလား? ချောင်းထယ်ရင်း မင်းယောကျ်ား ဖောက်ပြန်နေတယ်ထင်တယ်

တစ်ဖက်ကနေ တိုင်ကြားသံတွေ ထွက်ပေါ်လာတဲ့ ဖုန်းကို နားကနေ ခွာလိုက်သည်။

"ဟာ..."

ပြီးတော့ ပြုံးစိစိလုပ်လိုက်သည်။

'ဟုတ်တာပဲ.. ခုတလော ငြိမ်နေပါတယ်မှတ်တာ'

ဂန်ဟယ်အာကို တိုနေဒိုးရဲ့ ဗဟိုချက် မျက်လုံးလို့ တင်စားလို့ရသည်။ ထယ်ရင်းကို ကြိုက်တာလား မကြိုက်တာလား၊ စိတ်ကောက်နေတာလား၊ ဒေါသထွက်နေတာလား၊ ဒီဘက်ကို ခုန်မလား၊ ဟိုဘက်ကို ပျံသွားမှာလား လုံးဝကို မသိနိုင်တဲ့လူ အဲ့လူက ထယ်ရင်းရဲ့ ယောက်ျားပင်။

ဂန်ဟယ်အာက ယုံကြည်စိတ်ချရတဲ့ အိမ်ထောင်ဖက် မှန်ပါသည်။ တစ်ခါတလေ ပြတင်းပေါက်အပြင် ဥယျာဉ်ထဲက သစ်ပင်ကို အကြာကြီး စိုက်ကြည့်နေတဲ့အခါ ဘာတွေ တွေးနေမှန်းမသိသလို ထယ်ရင်းကို ကြည့်ပြီး ပြုံးလိုက်၊ မျက်မှောင်ကြုတ်လိုက် လုပ်တဲ့အခါ ကြိုက်လို့လား၊ မုန်းလို့လားဆိုတာတောင် သေချာ မသိပေမယ့်... ထယ်ရင်း သူ့ကို ယုံကြည်ပါသည်။

ဂန်ဟယ်အာကိုသာဆိုရင် ထယ်ရင်းရဲ့ အရေးကြီး ပစ္စည်းတွေ အကုန် အပ်နိုင်သည်။ ...အာ နေဦး။ ဓားတို့ သေနတ်တို့က လွဲလို့။ မတော်တဆ သူ့လက်ကို ရှမိမှာ ၊ ခြေဖမိုးကို ပစ်မိမှာ စိုးလို့ပင်။ ကျန်တဲ့အရာတွေဆိုရင် ဘာမဆိုပါလေ။ အထူးသဖြင့် ထယ်ရင်းတို့ရဲ့ အိမ်ထောင်ရေးဆိုရင်တော့ သေချာပေါက် စိတ်ချထားလို့ရပါသည်။

ဂန်ဟယ်အာက လုံးဝ ဖောက်ပြန်မယ့်လူ မဟုတ်ဘူး။ ဖောက်ပြန်တယ်ဆိုတာ တစ်ဖက်လူကို ငြီးငွေ့လာတဲ့အချိန် လုပ်ရတဲ့ကိစ္စ။ သူ ထယ်ရင်းကို ငြီးငွေ့ရအောင် ထယ်ရင်းအကြောင်းမှ ကောင်းကောင်း မသိသေးဘဲလေ။

ဂန်ဟယ်အာအပေါ် ထားတဲ့ ယုံကြည်မှုကတော့ မရှင်းမလင်းဆိုပေမယ့် ခိုင်မာတဲ့ တစ်နေရာ ရှိသည်။  'ဘာလို့ အဲ့လို ထင်တာလဲ' လို့ မေးရင် ရှင်းပြဖို့ ခက်ပေမယ့် ထယ်ရင်း အသက်ကြိုးကို သူ့ လက်ထဲ အပ်ထားရရင်တောင် တစိလေးမှ စိတ်မပူပါ။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now