[Unicode]
"ဒီမှာ ဘာလုပ်နေတာလဲ.."
ချောင်းထယ်ရင်းက မေးသည်။
"အိမ်ပြန်ရအောင်"
ထယ်ရင်းကို ဘာပြန်ဖြေရမလဲ ခေါင်းထဲ ပေါ်မလာတာမို့ နှုတ်ခမ်းနှစ်စုံကလဲ ကော်နဲ့ကပ်ထားသလိုပင်။ ခေါင်းထဲ အဖြူရောင်အတိ လစ်ဟင်းသွားပြီး ဟယ်အာ့နဖူးဆီသို့ ထယ်ရင်း ရှုထုတ်လိုက်တဲ့ သက်ပြင်းက လေအချို့ လာရိုက်သည်။
ဟယ်အာ့ ခေါင်းထဲတွင် ရောင်စုံပြောင်းနေသည်။ အဖြူရောင်ပြောင်းသွားလိုက် အနက်ရောင်ပြောင်းသွားလိုက်နှင့် လောင်ကျွမ်းနေသည်။ နက်မှောင်နေတဲ့ အရှက်တရားတွေက ဖြည်းဖြည်းချင်း နှလုံးသားကို လှိုက်စားသည်။ ရင်ဘတ်ထဲ ကျောက်တုံးကြီး ရှိနေပြီး လေးလံနေသလိုလို, တွင်းကြီးတစ်ခု ဖြစ်ပြီး ဟောင်းလောင်းပေါက်နေသလို။
ထယ်ရင်း ရှူထုတ်လိုက်တဲ့ သက်ပြင်းလေးကတောင် ဟယ်အာ့အတွက် အနာတရဖြစ်စေသည်။
'ဘယ်တုန်းက ရောက်လာတာပါလိမ့်?.... ကြားသွားလောက်မလား? ငါ့အကြောင်းပြောနေတာတွေ ကြားသွားမလား... ? အကုန် ကြားသွားတာများလား?'
ခေါင်းထဲ ကြိုးထုံးတွေ ရှုပ်ထွေးနေတာတောင်မှ,
"ကျွန်တော်..., ပိုက်ဆံအိတ် အထဲမှာကျန်ခဲ့လို့.."
အတတ်နိုင်ဆုံး ဘာမှမဖြစ်သလိုနဲ့ ဟန်ဆောင်လိုက်သည်။
အဲ့တော့မှ ထယ်ရင်းက တံခါးဘက် ခေါင်းလှည့်ကြည့်သည်။ ဟယ်အာ့ မျက်နှာအရောင်ကို စူးစမ်းနေပြီးမှ 'ပိုက်ဆံအိတ်...' ဟု တိုးတိုးလေး လိုက်ပြီးရေရွတ်သည်။ ပြီးနောက် ချက်ချင်းဆိုသလို တံခါးဖွင့်ပြီး အခန်းထဲ ဝင်သွားတော့သည်။
သူ့အတွက်တော့ ကြောက်လွန်းလို့, အသည်းငယ်တာမို့ မဖွင့်ရဲပဲ စိုက်ကြည့်နေခဲ့ရတဲ့ တံခါးတစ်ခုဖြစ်သည်။ အထဲကနေ ကြားလာရတဲ့ စကားတွေက သူများအကြောင်းပါဆိုပြီး ညာရင်း ကိုယ့်ကိုကိုယ် တိုက်ပွဲဝင်နေရတာဖြစ်သည်။ ဒါပေမယ့် ထယ်ရင်းကတော့ သူနဲ့မတူဘဲ တံခါးဖွင့်ပြီး အဲ့ကောင်တွေကြားထဲ လျှောက်သွားဖို့အထိ တွန့်ဆုတ်မရှိခဲ့ပေ။
ВЫ ЧИТАЕТЕ
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
Любовные романыTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
