ဟယ်အာ့ရဲ့ ဒီလိုကောင်းမွန်တဲ့ စိတ်ခံစားချက်ကို ဖျက်ဆီးပစ်နိုင်တာကလည်း တစ်နည်းအားဖြင့် စွမ်းရည်တစ်ခုလို့ ပြောလို့ရသည်။ အဲ့ စွမ်းရည်ကို ပါမောက္ခရဲ့ တပည့်အသစ်လေးက ပြသလိုက်သည်။
"အဲ့တာ ဘာလို့ ယူလာတာလဲ"
တစ်ဆင့်နိမ့်ကျသွားတဲ့ အသံက ဟယ်အာ့ ပါးစပ်ကနေ ရုတ်တရက် ထွက်သွားသည်။ မျက်နှာချက်ချင်း တောင့်တင်းသွားပြီး ဟယ်အာ့အသံကြားလို့ ကျောင်းသားလေးက တွန့်ခနဲ ရပ်သွားသည်။ သူ့ လက်ထဲမှာ ကိုင်ထားတဲ့ မည်းညစ်ညစ် abstract ပန်းချီကားလည်း လှုပ်ရှားမှု ရပ်သွားသည်။
တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ ကျောင်းသားလေးက "အာ" လို့ အသံပြုသည်။ အခုကြည့်လိုက်မှ ဒီကောင်လေးက ပါမောက္ခရဲ့ လက်ထောက်တောင် ဖြစ်လာမှာ မဟုတ်မှန်း သိသာလွန်းသည်။ ဒီလောက်တောင် အရိပ်အကဲ မဖတ်တတ်ပုံထောက်ရင်။
"ကြည့်တာနဲ့ မသိဘူးလား"
ထင်တဲ့အတိုင်းပဲ ပါမောက္ခက အသံကျယ်လာသည်။
"ဒီနေရာနဲ့ လိုက်ဖက်တဲ့ ပန်းချီကားထင်လို့ ယူလာတာလား။ သူ့နေရာသူ ပြန်ထားလိုက်.. ဆရာဂန်ရဲ့ ပုံကြမ်းတွေကို သွားမထိနဲ့"
ပါမောက္ခရဲ့ စကားအတိုင်း ကျောင်းသားလေးက သူ ယူလာခဲ့တဲ့ ပုံကို ပြန်ရွှေ့လိုက်သည်။ ကဏန်းတစ်ကောင်လို ဘေးတိုက် တရွတ်ဆွဲ ရွေ့လျားရင်း စင်္ကြံတစ်ဖက်ကို ရွှေ့ထားလိုက်တဲ့ ပန်းချီကားကို ဟယ်အာ ခဏတာ စိတ်မချမ်းမသာနဲ့ ကြည့်နေမိသည်။
တကယ်တမ်းပြောရရင် ဂန်ဟယ်အာရဲ့ ပန်းချီကားအသစ်တွေက အဲဒီ့ ပြာပြာနီနီ မည်းမည်းညစ်ညစ် ပုံကြမ်းတွေပဲ ဖြစ်သည်။ အချိန်တွေပိုနေလို့..ဆေးတွေအများကြီးကျန်လို့.. အတွေးတွေ ရှုပ်ထွေးနေလို့... အခုဘဝမှ ပထမဆုံးအကြိမ် ဆွဲကြည့်ခဲ့တဲ့ ပန်းချီကားတွေအသစ်တွေဖြစ်သည်။
ခဏတာ တိတ်ဆိတ်သွားတဲ့အချိန် ဟယ်အာ့ မျက်လုံးတွေက စီးရီးပုံတွေဆီ ရောက်သွားသည်။ ကိုယ့်ပန်းချီကားတွေကို ကိုယ်တိုင် ပြန်ကူးယူပြီး ဆွဲထားတဲ့ ပန်းချီတွေ.. တခြားသူတွေကို ပြသဖို့အတွက် ပန်းချီကားတွေက တလက်လက် တောက်ပလျက် စီရီနေသည်။
YOU ARE READING
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
RomanceTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
