အပိုင်း (၈၄)

1.1K 158 1
                                        

လူကြီးတွေကြားထဲက စကားဝိုင်းကို မသိလိုက်ရတာကို နှမျောမိသည်။ ဥက္ကဋ္ဌကြီးနဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်ကြားမှာ ဘယ်လိုညှိနှိုင်းမှုတွေ ရှိခဲ့လဲဆိုတာ နားထောင်ပြီး သင်ယူနိုင်ခဲ့ရင် အဲ့ ဉာဏ်ပညာကို ဟယ်အာ့ဘဝရဲ့ ဆောင်ပုဒ်အဖြစ် သတ်မှတ်မိမှာဖြစ်သည်။ ဟယ်အာ ဆေးရုံက ဆင်းတော့မယ့်အချိန်မှာ နှစ်ဦးစလုံး မျက်နှာပျက်ရတာမရှိဘဲ ရှုပ်ထွေးနေတယ်လို့ ခံစားရတဲ့ အခြေအနေတွေ အားလုံး ရှင်းလင်းသွားခဲ့သည်။

အစ်ကိုကြီးနဲ့ ပတ်သက်တဲ့ကိစ္စတွေနဲ့ ဟယ်အာ့ကို စိတ်ဆင်းရဲစေမယ့် သတင်းတွေတော့ ထပ် မကြားရတော့ပါ။ ပန်းချီဆရာဘဝကို ရပ်နားတော့မယ်လို့ ကြေညာခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးလည်း ဥက္ကဋ္ဌကြီးက ဘာမှမပြောခဲ့ဘူး။ အနည်းဆုံး မန်နေဂျာပတ် ဒါမှမဟုတ် ဆရာအင်လောက်တော့ ဟယ်အာ့ဆီ လာပြီး စကားတွေရှည်ပြီး ဆွဲဆောင်မယ်လို့ ထင်ထားခဲ့ပေမယ့် ဟယ်အာ မှားသွားခဲ့သည်။

ဟယ်အာ့ ကမ္ဘာကြီးက ဘာ ရန်ပွဲမှ မရှိသလို၊ ကံဆိုးခြင်းအစေ့အဆံတွေ မရှိခဲ့သလို ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။ ဆေးရုံကနေ အထုတ်အပိုးတွေ သိမ်းပြီး ထယ်ရင်းမောင်းလာတဲ့ကားပေါ်ကနေ ဆင်းတော့မယ့်အချိန်မှာ ဟယ်အာ့ဆီ ပြေးလာတဲ့အရာက တအိအိ ငိုကြွေးနေတဲ့ ဒိုဂျင်းလေး တစ်ကောင်တည်းပဲ။

ဆေးရုံမှာ လေးရက်တာ စာအုပ်တွေပဲ ဖတ်ပြီး အိပ်နေခဲ့တဲ့ ဟယ်အာ့ကို ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ ဘယ်သူမှ ရှင်းမပြခဲ့ဘူး။ ဗုံးတစ်လုံးလို မကောင်းတဲ့သတင်းတွေ ပြိုကျလာမလားလို့ စိုးရိမ်ခဲ့ပေမယ့် ရောက်လာတဲ့ သတင်းကတော့ တစ်ကိုယ်တော်ပြပွဲက ပန်းချီကားတွေ အကုန်လုံး ရောင်းထွက်သွားပြီဆိုတဲ့ အစီရင်ခံစာဖြစ်သည်။

နောက်ဆက်တွဲ လျင်မြန်တဲ့ ပြောင်းလဲမှုတွေက အံ့သြစေခဲ့သည်။ ဟယ်အာတော့ ပန်းချီဆရာတစ်ယောက်အနေနဲ့ သတ်မှတ်ထားတဲ့ ဘောင်ပြင်ပကို လွင့်စင်သွားပြီလို့ ထင်ခဲ့ပေမယ့် ဥက္ကဋ္ဌဂန်ကတော့ ဟယ်အာ့လို လူအတွက်တောင် သင့်တော်တဲ့နေရာကို ရှာပြီး ပြန်ထည့်ပေးခဲ့သည်။ ဒရိုင်ဘာအိုကို စာနဲ့ နာမည်ကတ်၊ စီမံကိန်း တင်ပြစာတွေ ပို့ပေးခိုင်းတာမျိုးပေါ့။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now