အပိုင်း (၆)

6.5K 984 87
                                        

[Unicode]

ထယ်ရင်းက ဘာမှပြန်မပြောဘဲ သူ့ကိုပဲ စိုက်ကြည့်နေတော့ ဟယ်အာလဲ လွှတ်ထားပေးလိုက်သည်။ လူလိမ်မိသားစုလို့ အော်ပြောပြီး အပြစ်မတင်တာနဲ့တင် သူ့အတွက် ကံကောင်းတာဖြစ်သည်။

အာ.. အခုချက်ချင်း သူ့ကို ငြင်းလိုက်ဖို့က အရမ်းစောနေလို့များလား။ ဟန်ဆောင်းဂရုရဲ့ အငယ်ဆုံးသားလေးက ဘာ အကျိုးအမြတ်တွေ သယ်ပေးနိုင်လဲဆိုတာကို ကြည့်ပြီးမှ ဖြည်းဖြည်းချင်း အချိန်ယူပြီး ကွာရှင်းဖို့ကို တွက်နေသလား မပြောတတ်​။

ထယ်ရင်းက ငြင်းဆန်ဖို့ စကားလှလှလေးတွေ ရွေးနေတုန်းအချိန်မှာ ဟယ်အာ စိတ်လှုပ်ရှားနေတာတွေလဲ လျော့လာသည်။ သက်ပြင်းချလိုက်ပြီး တုန်နေတဲ့ လက်နှစ်ဖက်ကို ဒူးခေါင်းအောက် ထိုးထည့်မိချိန် ထယ်ရင်းက စကားစလာသည်။

"ဒါ အကုန်ပဲလား"

ဒီမေးခွန်းကို ဟယ်အာသည် နားလည်ဖို့ အချိန်ယူလိုက်ရသည်။ လွန်ခဲ့တဲ့ ၆နှစ်က နွေဦးရက် တစ်နေ့မှာလဲ ထယ်ရင်းက ဒီိလိုမျိုးပင် တစ်ထပ်တည်း မေးခဲ့ဖူးသည်။

"အကုန် သိပြီးသားလား ဂန်ဟယ်အာရှီ?"

လွန်ခဲ့တဲ့ ၆နှစ်တုန်းက ကြုံခဲ့ရတဲ့ ခံစားချက်လိုမျိုးပဲ.. သူဟာ အမှန်တရားနဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်ရပြီဖြစ်သည်။

​ချောင်းထယ်ရင်းဆိုတဲ့ ယောက်ျားရှေ့မှာ သူ့ရဲ့ ပုံစံကတော့ အမြဲတမ်းလိုလို တသမတ်တည်းပင်။ ထယ်ရင်း ပြေးနေတဲ့အရှိန်ကို လိုက်မီဖို့ ကြိုးစားရင်း မောဟိုက်နေဆဲ။ ဒါဟာ ဂန်ဟယ်အာ လုပ်နေကျ မျက်နှာပေးဆိုတာကို မသိသေးတဲ့ ထယ်ရင်းကတော့ သူ့အပေါ် ကောင်းကောင်းဆက်ဆံသည်။

"ဒါတွေက ကိုယ်နဲ့ လက်ထပ်ဖို့ ငြင်းရတဲ့ အကြောင်းအရင်း အကုန်ပဲလားလို့ မေးနေတာပါ"

ထယ်ရင်းက နောက်ထပ်တစ်ခေါက် ထပ်မေးပြီး..

"ဟုတ်ကဲ့.. လိမ်ညာထားတာမို့ပါ"

သူလည်း ခပ်မြန်မြန် ပြန်ဖြေလိုက်သည်။

"beta နဲ့ လက်ထပ်ရတယ်ဆိုရင် ထယ်ရင်းရှီရဲ့ ဘဝက.... သနားစရာကောင်းသွားလိမ့်မယ်။ အဲ့လိုဖြစ်သွားမှာကို ကျွန်တော်မလိုချင်လို့ပါ.. အဲ့ဒါကြောင့်ပါ။ .. လူကုံထံအသိုင်းအဝိုင်းနဲ့ လက်ထပ်လိုက်တယ်ဆိိုလို့ ဟိုနေရာ ဒီနေရာကနေ ထယ်ရင်းရှီကို လာအသုံးချကြမှာကိုလည်း မကြိုက်လို့ပါ။ ဟန်ဆောင်းဘက်ကနေ လိုချင်တဲ့ နိုင်ငံရေးလောကထဲ ဝင်ဆံ့နိုင်ဖို့ စုံစမ်းစစ်ဆေးရေးမှူး ချောင်းဟီဂျွန်းကို အသုံးချမှာ အသိသာကြီး..  အဲ့ဒါကိုလဲ ကျွန်တော်မလိုလားဘူး"

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now