အပိုင်း (၈)

6.2K 867 45
                                        

[Unicode]

'ချောင်းထယ်ရင်းရှီ.. ခင်ဗျား မကြာခင် ကျွန်တော့်ကို မုန်းသွားစေရမယ်။ ဒီနေ့ ဒိတ်ကို ဖျက်ဆီးပစ်မယ်... ဒီတိုင်း.... နောက်ကျမှ သွားလိုက်ရင်ရပြီ!'

ချိန်းထားတဲ့အချိန်ထက် နောက်ကျအောင် သွားလိုက်တာနဲ့ ထယ်ရင်း စိတ်ဆိုးဖို့ အပြည့်အဝ ခိုင်လုံသွားပြီဖြစ်သည်။ အရေးကြီးတဲ့ စာချုပ်ကိစ္စဖြစ်ဖြစ် အသေးအဖွဲကိစ္စကြောင့် ချိန်းထားတာဖြစ်ဖြစ်၊ ဘာတစ်ခုကိုမှ နောက်မကျစေဘဲ ချိန်းထားတယ်ဆို အချိန်အတိအကျ ရောက်ရမယ်လို့ ကိုယ်ပိုင်စည်းကမ်းချထားတာ ထယ်ရင်းဖြစ်သည်။ မိနစ်၄၀လောက် နီးပါး အကြာကြီး နောက်ကျပြီးမှသွားလိုက်ရင် ချိန်းထားတဲ့နေရာမှာ ထယ်ရင်းတောင် ရှိနေလောက်မှာ မဟုတ်တော့။

'ဒါဆို ကိစ္စပြတ်ပြီ! ငါကတော့ အငြင်းခံရမယ်.. ထယ်ရင်းလည်း ပါတနာအသစ် ရှာရမယ်! သူဌေးသားတွေက စည်းကမ်းမရှိဘူး မရင့်ကျက်ဘူးလို့ ထင်သွားမှာပဲ.. ဂန်ဟယ်အာက မာနကြီးပြီး အဖြစ်မရှိတဲ့ကောင်လို့ ထင်မှာပဲ...'

မလှုပ်မယှက်နဲ့ လှဲပြီး မျက်နှာကြက်ကိုပဲ ကြည့်နေတာ ကြာလာတော့ ဗိုက်ကဆာလာသည်။ အမျိုးအစားလေးပဲ ပြောင်းလဲသွားတာကို ခန္ဓာကိုယ်တစ်ခုလုံး ကိုယ်မပိုင်တော့သလို ခံစားနေရသည်။ ထစ်ခနဲရှိတာနဲ့ အားက ပြတ်လာပြီး ရေလဲဆာလာသည်။ ခေါင်းထဲမှာလည်း အရင်ကထက် ပိုပြီး အတွေးတွေများလာပြီး ပိုပျော်တတ်လာသည်။ omega ပဲဖြစ်သွားတာလား vampire ပဲဖြစ်သွားတာလား မသဲကွဲတော့ပေ။

၆နာရီ ၅၀လောက် ရှိသွားလောက်မလား..။

"အကုန် ပြင်ဆင်ပြီးပြီလား ဆရာလေး..  ဒရိုင်ဘာအိုက ဘဲလ် လာတီးနေပြီ"

တံခါးခေါက်သံနဲ့အတူ အိမ်ကူအဒေါ်ကြီးရဲ့ အသံကိုကြားလိုက်ရသည်။ အကြာကြီးနေမှ ကြားရတဲ့ အသံမို့လို့ ဝမ်းသာပြီး အော်မိတော့မလိုတောင်ဖြစ်သွားရသည်။ ၂၆နှစ်အရွယ်တုန်းကအကြောင်းတွေရေးထားတဲ့ စာအုပ်ကို အခုမှ သေသေချာချာ တစ်လုံးချင်းစီ ဖတ်လိုက်မိသလိုပင်။

အိမ်ကူအဒေါ်ကြီးအကြောင်း မိတ်ဆက်ရမယ်ဆိုရင် ဟယ်အာ အသက်၂၁နှစ်အရွယ်ကတည်းကစပြီး ၄နှစ်လုံးလုံး ကူညီပေးလာတဲ့ အဒေါ်ကြီးဖြစ်သည်။ အဒေါ်ကြီးက ဒရိုင်ဘာအိုနဲ့လည်း ဆက်ဆံရေးကောင်းသည်။ အဝတ်လဲမယ်ဆိုပြီး ဝင်သွားပြီး တော်တော်ကြာကြာ ဘာသံမှမကြားရတော့ ဒရိုင်ဘာအိုလည်း နောက်ကျမှာ စိတ်ပူလာသည်ထင်ပါသည်။ သက်သက်မဲ့ ဒရိုင်ဘာအို အပြောခံရမှာစိုးတော့ အဒေါ်ကြီးကလည်း စိတ်ပူနေတဲ့ပုံပင်။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Место, где живут истории. Откройте их для себя